Extra (7) ဘာလို့ရုတ်တရက်ကြီး ငါ့အပေါ် ကောင်းပေးနေတာလဲ?

3.6K 377 29
                                    

26.6.2023 (Edited)

"အရသာရှိတာတွေပေါ့"
LiangHuai က မပါ ပါလာအောင် ဆွယ်သည်..

"ယူလာခဲ့ပေး.. ငါ့ မုန့်ကို လွင့်ပစ်တဲ့အတွက် လျော်ကြေးသဘောပဲ"
သူက ငတုံး မို့ အဲ့လူရဲ့အခန်းထဲ ထပ်လိုက်နေမှာလား! လုံးဝ ပဲနော်!
သူ့ကိုယ်သူ ဥာဏ်မထက်တဲ့လူဆိုတာသိပေမဲ့ လှည့်စား ခံရပါများတော့ ဦးနှောက်က သတိပေးတတ်နေပီလေ..

YunJin ရဲ့ အလွန်အမင်း သတိထားနေတဲ့ ပုံစံကြောင့် LiangHuai က ခေါင်းသာငြိမ့်ပြလိုက်ပြီး -
"အိုခေပါတယ်.. ယူလာခဲ့ပေးမယ်"

YunJin နဲနဲလေးတော့ အံ့အားသင့်သွားတယ်.. အခု LiangHuai က သူ့ကို အလိုလိုက်ပြီး စကားတွေလည်း အများကြီးပြန်ပြောနေတာပါလား!

ခဏလောက်စောင့်ပြီးနောက် တံခါးခေါက်သံ ထပ်ပေါ်လာတယ်..
YunJin က တံခါးရွက်နောက်မှာ ပုန်းနေပြီးတံခါးကို နဲနဲလေးပဲ ဟ ထားကာ အပြင်ကိုလှမ်း ကြည့်တော့ - LiangHuai က စက္ကူထုပ် တစ်ထုပ်ကိုင်လျက် ရပ်စောင့်နေတယ်...
ဟ ထားတဲ့ တံခါးပေါက်ကနေ YunJin က လက်ထုတ်ပေးပြီး -
"အထုပ်ကိုပေး"

တံခါးကနေ ထွက်လာတဲ့ လက်လေးက - ပိန်ပိန်သွယ်သွယ်၊ ဖြူဖြူဖွေးဖွေးလေး...လက်ချောင်းလေးတွေကလည်း အချိုးကျကာ ဖယောင်းလေးလို သွယ်နေပီး လက်သည်းခွံလေးတွေကလည်း သန့်စင်နေတယ်...ဖြန့်ပြလာတဲ့ လက်ဝါးပြင် လေးမှာလည်း လက္ခဏာလမ်းကြောင်းတွေက ရှင်းပီး ချောမွတ်နေသေး....

LiangHuai လူကြီးတွေဆီကနေ ကြားဖူးတဲ့ ဆိုရိုးစကားကတော့ - လက်ဝါးပြင်မှာ အရေးအကြောင်း ရှင်းနေတဲ့ လူတွေက သူတို့ စိတ်ကလည်း ရှင်းပြီးရိုးဖြောင့်တဲ့ လူတွေတဲ့....
LiangHuai ထွက်လာတဲ့ လက်လေးကို ၂စက္ကန့်လောက်ငေးကြည့်နေမိပြီးမှ ယူလာတဲ့ အထုပ်ကို လက်ထဲ ထဲ့ပေးလိုက်တယ်...

"အထဲဝင်ထိုင်ဖို့တောင် မဖိတ်တော့ဖူးလား?"

"ညနက်နေပီမို့ ကိုယ့်အခန်းကို ပြန်ပြီးသာ အနားယူ အိပ်စက်ပါတော့"
YunJin က အထုပ်ကို ယူပြီးသည်နှင့် တံခါးပိတ်ဖို့ ကြိုးစားပေမဲ့ LiangHuai က ခြေထောက်နဲ့ ခံထားတာကြောင့် ပိတ်မရ...
LiangHuai လိုလူက အသားလွတ် မကြင်နာတတ်ဖူးဆိုတာ ငါ သိသားပဲ !!!

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now