Extra (45) ငါ့ရဲ့ ex က မသမာသူ လူယုတ်မာ ဖြစ်နေတာလား??

3.2K 239 1
                                    

3.10.2023 (Edited)
(Unicode)

မနက်ခင်းအတော်များများမှာ အိမ်ရှေ့မှာရောက်နေတဲ့ ပန်းစည်းတွေကို ယူခဲ့သူက YunJin ဖြစ်ပေမဲ့ ဒီနေ့တစ်ရက်တော့ ရှူယွီ က စောစောနိုးနေပီး ပန်းစည်းကို တွေ့ခဲ့သည်...

"ကြွက်ကလေး ပန်း order မှာထားတာလား??"
အိမ်တံခါးရှေ့က ပနါးကို ယူလာပီး ရှူယွီ က ဇဝေဇဝါ မေးလာသည်..

"မမှာပါဖူး"
YunJin က ခေါင်းယမ်းပြပီး -
"ပန်းစည်းတွေက မင်းရဲ့ Fan တွေ ပေးတာမဟုတ်ဖူးလား??"

ရှူယွီ ခေါင်းကုတ်ပီး -
"Fan တွေဆီကို ငါ့ လိပ်စာ တစ်ခါမှ မပေးခဲ့ဖူးဘူးရော်"

YunJin နူးညံတဲ့ပန်းပွင့်ဖတ်လေးတွေကိုကိုင်ကြည့်နေရင်း ထူးဆန်းနေမိတယ်... ရှူယွီ ရဲ့ fan တွေ ပို့ပေးတာမဟုတ်ဖူးဆိုရင် ဘယ်သူပို့ပေးခဲ့တာလဲ???

🥦🥬🥦🥬

YunJin အသီးအရွက်ဝယ်ဖို့ စျေးသွားရန် အောက်ဆင်းလာတော့ သူတို့ တိုက်ခန်းအောက်ထပ်ကြေညာဘုတ်ပေါ်မှာ သတိပေးချက်တစ်ခု ကပ်ထားတယ်...

>> ဒီရက်ပိုင်းတွင် မသမာသူ လူတစ်ယောက်ရှိနေတယ်လို့ သတင်းထွက်နေပီး ထိုသူက တစ်ယောက်ထဲသွားလာသူများကို နှောင့်ယှက်တတ်သည်. တွေ့ကြုံခဲ့ပါက ရဲစခန်းကို အမြန် ခေါ်ဆိုအကြောင်းကြားပေးကြပါရန်<<

Sမြို့တော်က လူနေစည်ကားတဲ့ မြို့တစ်ခုပဲမို့ ဒီတိုက်ခန်းဝန်းကျင်က အလုပ်ဖွင့်တဲ့ weekdays တွေဆိုရင်တောင်မှ အသက်ကြီးတဲ့ အဘိုး၊အဘွားတွေ ကျန်းမာရေးလိုက်စားကြတဲ့ အန်တီကြီးတွေနဲ့ လူတော့ သိပ်မပြတ်တတ်...

YunJin စျေးကနေ အသီးအရွက်တွေ ဝယ်ပီးပြန်လာခဲ့တော့ အနောက်ကနေ ခြေသံတရှပ်ရှပ်နဲ့လိုက်လာသံ ကြားလိုက်ရသည်...

မသမာသူ နဲ့များ ငါကြုံတော့မှာလား!!!

အခုချိန်အနီးအနားမှာ လူလည်းပြတ်သလိုဖြစ်နေတာမို့ YunJin ခြေလှမ်းတွေထပ်မြန်လိူက်သည်..
အနောက်ကခြေသံတွေကလည်း ထင်ရှားလာတာမို့ ဗိုက်ကြီးနေတာသာ မဟုတ်ရင် သူ ပြေးတောင်ပြေးချင်မိတယ်...
YunJin က အစကတည်းက အရှက်အကြောက်ကြီးသူဖြစ်ပီး အခုချိန်မှာ ဗိူက်ထဲတွင် ကလေး လည်း ရှိနေတာမို့ ဒီလို လူယုတ်မာ တွေနဲ့ ဆုံလို့မဖြစ်...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now