BaiXu (17) ပွဲတော်ရက်များ ....

2.1K 194 8
                                    

12.10.2023(Edited)
(Unicode)

နှစ်သစ်ကူးညမှာ မီးပုံးတွေက မြို့တော် S ရဲ့ နေရာအနှံ့ လမ်းမတွေထက်မှာ လှပစွါ ချိတ်ဆွဲထားသည်...
မြင့်မားပြီးအေးစက်မာကျောနေသော ၊ ရုံးဖွင့်ရက်တွေဆို ဝန်ထမ်းတွေနဲ့ ပြည့်နှက်နေသော အဆောက်အအုံကြီးတွေကလည်း ပွဲတော် အချိန်မှာ တမျိုးတဖုံ အားလပ်ရပ်ဆိုသည့် ခံစားချက်ကိုပေးနေသည်...

မြင့်မားပြီးအေးစက်မာကျောနေသော ၊ ရုံးဖွင့်ရက်တွေဆို ဝန်ထမ်းတွေနဲ့ ပြည့်နှက်နေသော အဆောက်အအုံကြီးတွေကလည်း ပွဲတော် အချိန်မှာ တမျိုးတဖုံ အားလပ်ရပ်ဆိုသည့် ခံစားချက်ကိုပေးနေသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နွေဦးပွဲတော်..နွေရာသီအားလပ်ရက်ရှည်ကြီးကလည်း မကြာခင် လာတော့မည်...

အရင်နှစ်တွေတုန်းကလိုပဲ BaiYue က ဒီနှစ်လည်း တစ်ယောက်ထဲ...
အတည်တကျ အိမ်ဆိုတာလည်း မရှိ၊ မိသားစုလည်း မရှိ... မြို့တော်ထဲမှာ တစ်ဦးတည်း အထီးကျန်နေတာဆိုလို့ သူပဲ ရှိမယ် ထင်ပါရဲ့...
အရင်နှစ်တွေတုန်းကတော့ ယဲ့ကွန် က နှစ်ကူးတွေမှာဆို သူ့မွေးရပ်အိမ်ကို မပြန်ခင် BaiYue အတွက် အိမ်မှာ စားပွဲတွေ၊ လက်ဆောင်တွေ အမြဲ ပြင်ဆင်ကျင်းပပေးတတ်တယ်...
ဒီနှစ်တော့ ယဲ့ကွန်လည်းပြည်ပမှာ ပရောဂျက် တွေနဲ့ နပမ်းလုံးနေရပီမို့ တရုတ်ကို မပြန်လာနိုင်တော့ပါ...

နှစ်ကူးအကြိုနေ့ ညမှာတော့ ယဲ့ကွန် က BaiYue ဆီ ဖုန်းဆက်လာပါသည်...
"Happy New Year ပါ အကိုYue"

BaiYue က နှုတ်ခမ်းမှာစီးကရက်တစ်လိပ်ကို ခဲထားရင်း အသံတိုးဖျဖျနဲ့သာ -
"အင်း... Happy New Year ပါ"

၁၂နာရီ အတိ ထိုးတော့ နာရီစင်က တဒေါင်ဒေါင် တဒင်ဒင်နဲ့ အသံမြည်လာချိန် ညကောင်းကင်ကြီး တစ်ခုလုံးဟာလည်း မီးရှူး မီးပန်း မီးရောင်စုံ တို့နှင့် ရင်သပ်ရှူမောဖွယ် လှပနေပါသည်...

"အကိုYue ... I ... miss you"
ယဲ့ကွန် ရှိသမျှ သတ္တိတို့ကို စုစည်းပြီး သူ့ရင်ဘတ်ထဲမှာ အမြဲပြောချင်နေတဲ့ စကားတစ်ခွန်းကို ဖွင့် အန် ချမိလိုက်သည်... ပြည်ပမှာ နေ့တိုင်း ကျောင်းကိစ္စ ပရောဂျက်အသစ်တွေနဲ့ အမြဲ အလုပ်ရှုပ်နပေမဲ့ BaiYue ကို သတိမရတဲ့နေ့ တစ်ရက်တောင် မရှိခဲ့ပါ...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now