Extra (46) ချစ်ရေးဆိုတာကို လက်ခံလိုက်ပြီ...

3.1K 245 3
                                    

4.10.2023 (Edited)
((Unicode))

ညက Live လွှင့်တာ အတော်ညနက်သွားသည်မို့ ရှူယွီ နောက်ကျမှနိုးလာသည်...
သူထတဲ့အချိန်ဆို ကြွက်ကလေး က စျေးသွားနေကျ...
ရှူယွီ အိပ်ရာမှထကာ မျက်နှာသစ်၊ သွားတိုက်နေရင်း မှန် ကို ကြည့်ပီး စိတ်တွေလှုပ်ရှားနေသည်..

"ကြွက်ကလေး... ငါ... ငါမင်းကို ကြိုက်တယ်"

"ကြွက်ကလေး ငါမင်းကိုကြိုက်တယ်... ငါတို့ အတွဲ ဖြစ်ကြမလား??"

"ကြွက်ကလေး...."

ရေချိုးခန်းထဲကနေထွက်လာပီး ကြိုတင်ချရေးထားသော မှတ်စုစာအုပ်ကိုကိုင်ကာ အခန်းထဲကနေ တတွတ်တွတ်ပြောရင်း ထွက်လာသည်...

ကြွက်ကလေး လက်ခံပါ့မလား!?

အဲ့ဒါကိုမေ့ထားအူး... ပြောဖို့သာ အရင်လေ့ကျင့်!

မှတ်စုစာအုပ်ကိုပဲငုံ့ကြည့်နေရင်း -
"ကြွက်ကလေး ငါမင်းကို ကြိုက်တယ်... ငါမင်းကို လိုချင်တယ်...  ငါတို့ ဘဝတစ်ခုအတူတည်ထောင်ရအောင်လေ... လက်ခံနိုင်မလား??"

// ဘုတ် //

စာရွက်လန်တဲ့အသံနှင့် စာအုပ်ပြုတ်ကျသံ တို့ကဆက်တိုက်ထွက်ပေါ်လာတယ်... စာရွက်လန်သံ ကြားလိုက်တော့ ရှူယွီ ခေါင်းမော့ကြည့်လိုက်ချိန် ဧည့်ခန်းထဲမှာ ထိုင်ပီး စာအုပ်ဖတ်နေပုံရသော YunJin... သူအလန့်တကြား မှတ်စုစာအုပ်ကို လွှတ်ချမိသွားရင်း -
"မင်း...မင်း ဒီနေ့ အပြင် မသွားဖြစ်ဖူးလား??"

မနေ့က LiangHuai ပေါ်လာတော့ YunJin အပြင်မထွက်ရဲတော့ဖူး...
YunJin က မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း -
"ဟင့်အင်း... သွားချင်စိတ်မရှိလို့... အနှောင့်အယှက် ဖြစ်သွားတာလား??"

"မဟုတ်...ငါ..."
ရှူယွီ က ရှက်ကိုးရှက်ကန်း ဖြစ်နေပီး သူ အချိန်အတော်ကြာ လေ့ကျင့်ခဲ့ပီးသား ဖြစ်ပေမဲ့ ရုတ်တရက် YunJin ရှေ့ ရောက်လာရတော့ ဘယ်ကစပြောရမှနါး မသိ!
သူအံကိုကြိတ်ထားရင်း -
"ကြွက်ကလေး... ငါမင်းကို ကြိုက်တယ်... မင်းကို တသက်လုံး ကာကွယ်စောင့်ရှောက်ပေးချင်တယ်... မင်း ငါ့ကို လက်ခံပေးနိုင်မလား??"

YunJin ခေါင်းထဲမှာ ရှုပ်ထွေးသွားရတယ်... သူ့အနေနဲ့ နောက်ထပ် ဆက်ဆံရေးတစ်ခုကို မလိုချင်တော့ဖူး...
"ရှောင်ယွီ... ငါတို့က မသင့်တော်ဖူးလို့ထင်..."

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now