Extra (22) ကွာရှင်းပြတ်စဲခြင်း

3.2K 307 44
                                    

14.7.2023(Edited)

YunJin ရှေ့မှာ အခုရပ်နေတဲ့ LiangHuai က ထူးဆန်းလွန်းလို့ ဒီလူကို သူ တခါမှ မမြင်ဖူး/မသိခဲ့ဖူးလို့တောင် ထင်မှတ်လာရသည်အထိ..
LiangHuai နဲ့ သူ့ပါပါး က သေချာတောင် စကားပြောဆို ရင်းနှီးဖူးတာလည်း မဟုတ်ပဲနဲ့ သူ့ပါပါးကို တဖက်သတ် စွဲချက်တွေဇွတ်တင်နေတာကြီးက လွန် လွန်းတယ်လို့ YunJin ထင်ပါသည်... ပါပါး ဘယ်လိုစိတ်ဓါတ်ရှိလဲဆိုတာ သားဖြစ်တဲ့ သူ က အသိဆုံးပဲ...

"LiangHuai... ဘာလို့ တဖက်သတ် အပြောတွေကိုပဲ နားဝင်နေရတာလဲ??? ကျွန်တော့် ဂုဏ်သိက္ခာနဲ့ ရင်းပြီးကို ပါပါးဟာ အဲ့သလိုရက်စက်တဲ့ လူမျိုးမဟုတ်ကြောင်း အာမခံ ရဲတယ်ဗျ... လိုင်းပေါ်က အဘွား ကလည်း တစ်ယောက် ယောက်က ငွေပုံပေးပြီး ပါပါး နာမည်ပျက်အောင် စေခိုင်းခံရတာပဲဖြစ်မှာ... ဘယ်လိုတောင် ကျွန်တော်တို့ဖက်ကို မယုံပေးပဲ သူစိမ်းကို ပိုယုံနေရတာလဲ? မျှတ မှုကော ရှိရဲ့လား?"

"အိုး...မျှတမှု ဆိုပါလား!"
LiangHuai က ခပ်မဲ့မဲ့ပြုံးရင်း -
"မင်းမျက်စိထဲမှာ အဲ့အဘွားကြီးက ပိုက်ဆံကြောင့် လုပ်နေတာပေါ့??"

"မဟုတ်လို့လား?? လိုင်းပေါ်မှာ အုံကြွလာအောင် video တွေတင်ပြီး အစရှာမရအောင် ပျောက်ချင်းမလှ ပျောက်သွားတယ်လေ... အဲ့လို မတွေးရင် ဘယ်လိုတွေးပေးရမလဲ?"
သူ့ ပါး က အိပ်ရာထဲမှာ ကိုမာ နဲ့လဲနေရတယ်၊ သူကိုယ်တိုင်လည်း ဒီတစ်လလုံးအိပ်ပျော်ခဲ့တဲ့ရက်က လက်ချိုးရေလို့ရနေပီ၊ ကုမ္ပဏီကြီးတစ်ခုလုံးကလည်း ယိုင်နဲ့လို့.... ဒါတွေအားလုံးက အဘွားအို ကြောင့်ပဲ... သေတမ်းစာ တစ်ရွက်၊ ကင်မရာရှေ့မှာ ငိုပြခဲ့တဲ့ မျက်ရည်တချို့၊ ပြီးတော့ အဆုံးထိ မဖြေရှင်းပဲ ထွက်ပြေးတိမ်းရှောင်သွားတယ်...
YunJin အတွက်တော့ ဒါက အရှက်မဲ့ စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်ပဲ!!

"ကျွန်တော့် ဘဝမှာ တစ်ခါမှ ဒီလောက် ပြဇာတ်ဆန်တာမျိုး မတွေ့ခဲ့ဖူးဘူး!!!"

"မင်း ပါးစပ်ပိတ်ထား!!!"

// ဖြောင်း //

ရိုက်သံ တစ်ချက်က ကျယ်လောင်စွာထွက်လာသည်...

YunJin ရဲ့ ပါးတစ်ခြမ်းက အလွန်အမင်း နာကျင်သွားရပြီး လက်တစ်ဖက်ဖြင့် ပါးကို အုပ်ကိုင်ထားရင်း LiangHuai ကို မယုံနိုင်စွာ မော့ကြည့်မိသည်..

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Where stories live. Discover now