Chapter 107

3.9K 359 6
                                    

18.6.2023(Edited)

Chapter 107 : BaiYue က FuShiWen ကို ကြိုက်နေတာလား?

ပိန်းပိတ်နေအောင်မှောင်နေတဲ့ညမှာ JiKe အပြင်ကိုကြည့်ပီး သက်ပြင်းတွေသာချမိသည်..

🐝🐝🐝🐝

နောက်တစ်နေ့မနက် JiKe အောက်ထပ်ဆင်းလာတော့ ထမင်းစား စားပွဲမှာ YunJin နဲ့ RuanRuan လေးတို့ က ရောက်နေပီ...
သူတို့ရှေ့မှာ မွှေးပျံ့နေတဲ့ အနံ့နဲ့အတူ ရွှေအိုရောင် ကြက်ဥထမင်းကြော် တစ်ပွဲစီ....

အန်တီကြီးက ခွင့်ရက်ယူသွားတာ မပြည့်သေးပါဖူး!! ဒီအရောင်အဆင်းနဲ့ ထမင်းကြော်ကို YunJin ကြော်တာတော့ လုံးဝ မှ မဖြစ်နိုင်!!!ဒါဆို ဘယ်သူကြော်ပေးတာလဲ??

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

အန်တီကြီးက ခွင့်ရက်ယူသွားတာ မပြည့်သေးပါဖူး!! ဒီအရောင်အဆင်းနဲ့ ထမင်းကြော်ကို YunJin ကြော်တာတော့ လုံးဝ မှ မဖြစ်နိုင်!!!
ဒါဆို ဘယ်သူကြော်ပေးတာလဲ??

ပဟေဠိ က စက္ကန့်ပိုင်းအတွင်း အဖြေပေါ်လာပါပီ.

ရှေ့ဖုံးခါးစည်း Apron ဝတ်ထားတဲ့ FuShiwen က အငွေ့တထောင်းထောင်း အနံ့မွှေးမွေး နဲ့ အရွက်ကြော် တပွဲ ကို သယ်လျက် မီးဖိုခန်းထဲက ထွက်လာ၏...
FuShiWen က JiKe ကိုတွေ့တော့ တောက်ပစွာပြုံးပြပီး -
"အားယွီ....လာ...မနက်စာ လာထိုင်စား"

FuShiWen ပုံစံက မနေ့က ဘာဆို ဘာမှ မဖြစ်ခဲ့သလိုပဲ...
မနေ့က JiKe မိုင်ကုန် ပြောခဲ့တာမို့ ဒီနေ့ဆို FuShiWen A မြို့တော်ကိုတောင် ပြန်သွားလောက်ပီပေါ့...
"ခများ...."

အရွက်ကြော်ပန်းကန်ကို စားပွဲအလယ်မှာချပေးရင်း FuShiwen က -
"အားယွီတို့ အိမ်က အန်တီကြီးက ရက်တချို့ ခွင့်ယူသွားတယ်မလား.... မနက်စာ ခက်ခဲမှာစိုးလို့ ကိုယ်လာချက်ပေးတာ...ကိုယ်ကအားနေတယ်လေ"
"အားယွီ...မနက်စာ မြန်မြန်လာစား...ရုံးသွားရအူးမယ် မဟုတ်လား?"
FuShiWen က ပြောပြောဆိုဆို ထမင်းကြော် တစ်ပန်းကန်ခူးထဲ့ပေး၊ JiKe ရှေ့ချ၊ ဇွန်းတစ်ချောင်းပါယူပီး JiKe လက်ထဲထိုးထဲ့ပေးတယ်...

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)حيث تعيش القصص. اكتشف الآن