Extra (61) Ending part 04 : သတိလစ်သွားပြီ!!

3.5K 280 11
                                    

7.10.2023(Edited)
((Unicode))

Liang Huai ကကျွမ်းကျင်စွာဖြင့် ပြတင်းပေါက်ကနေပြန်ဆင်းလာပြီး လမ်းမပေါ် အငှါးကားတစ်စီးကို ငှါးစီးကာ ပြန်ခဲ့သည်... ကားပေါ်မှာ "စိတ်ကျရောဂါ" နှင့်ပတ်သက်သောအချက်အလက်တွေကို သူရှာကြည့်၏....
ရှာဖွေတွေ့လေလေ သူခေါင်းတွေ ထူပူလာလေလေပဲ!!!
ဆေးပညာနဲ့ ပတ်သက်တဲ့ စွယ်စုံကျမ်း ထဲမှာ ပြောထားတာတွေကတော့ - စိတ်ကျရောဂါဆိုတာ အချိန်အတော်ကြာ စိတ်ကျဉ်းကြပ်၊ စိတ်ညစ်တာကနေစတဲ့ရောဂါ... လက္ခဏာ အစတွေကတော့ တစ်ချိန်လုံး အိပ်ရာထဲမှာပဲလှဲနေချင်ပြီး ဘာမှ ထမလုပ်ချင်တော့ဖူး..'
ရောဂါတဖြေးဖြေးရင့်လာတာနဲ့ စိတ်မကောင်းစရာ၊ နာကျင်စရာတွေကိုပဲ အမြဲတွေးလာပြီး အထီးကျန်လာကာ ပတ်ဝန်းကျင်ရှိ အရာတွေအားလုံးကို အဆိုးမြင်ဝါဒ နဲ့ပဲ မြင်လာတော့မယ်... နောက်ဆုံးအဆင့်မှာ အသက်ရှင်နေခြင်းက ကိုယ့်ကိုကိုယ်နှိပ်စက်နေခြင်းပဲဟု တွေးမိလာပြီး သတ်သေမဲ့ (ဆူဆိုက်လုပ်မဲ့) လက္ခဏာတွေ စပြလာပါလိမ့်မယ်...

သတ်သေမဲ့ အကြောင်းလည်း ရောက်ရော LiangHuai မျက်ခုံးတွေတွန့်ချိုးသွားရသည် ...

🍃🍂

YunJin အိမ်သာထဲထိုင်နေရင်း သူ့ဘဝအကြောင်းတွေကို ပြန်စဉ်းစားနေတုန်း ဖုန်းက တုန်ခါလာသည်...
LiangHuai ဆီက msg တစ်စောင် -
// ပေါင်မုန့်လေး... ဘာဘီကျူးနဲ့ညစာ စားချင်လား?? ကိုယ် ဝယ်လာပေးမလို့ //
YunJin ဘာမှ reply မပြန်ပဲ ဖုန်းကိုပြန်ချကာ အတွေးထဲမျောနေပြန်၏...

ညစာအတွက် မား က စားကောင်းသောက်ဖွယ်တွေချည်း စားပွဲအပြည့်ချက်ထားပေမဲ့ YunJin နှစ်လုပ်လောက်စားပြီး သည်နှင့်တူကိုချလိုက်သည်...
သူ စားချင်စိတ်မရှိဖူး...

ည 9 နာရီလောက်မှာ အခန်းတံခါးမှန်ကနေ ချိုးချိုးချွတ်ချွတ်ကြားတော့ မော့ကြည့်ချိန် ခေါင်းတစ်လုံးကိုသာ အရင်တွေ့လိုက်ရပေမဲ့ .. LiangHuai ဒီအပေါက်ကနေလာတတ်တာကို YunJin အကျင့်ဖြစ်နေလို့သာပေါ့ ... မဟုတ်ရင် ညကြီးမှောင်မဲ လန့်ဖျပ်ပီး သေသွားနိုင်သည်...
YunJin က မှန်တံခါးကို အသေပိတ်ထားတာမို့ LiangHuai အပြင်ကနေ ဖွင့်မရပဲ နှုတ်ခမ်းလှုပ်ပြကာ -
"ပေါင်မုန့်လေး ... ဘာဘီကျူးတွေက ပူနေတုန်းလေး... အေးသွားရင် စားမကောင်းတော့ပဲ နေလိမ့်မယ်... ကိုယ်အရင်ပြန်တော့မယ်နော်"

အချစ်ဦးပြန်လာပီး အစားထိုးခံက ထွက်သွားတယ် (2)Donde viven las historias. Descúbrelo ahora