[1] Shame

40.8K 690 80
                                    

Zawgyi version below ⬇️

#Unicode

ဇာတ်လမ်းက စာလေးတစ်စောင်ကနေ စတင်သည် ။

ဆယ်တန်း (A) အခန်း တစ်တန်းလုံး အုံ့ကျော်သောင်းနင်းဖြစ်နေ၏ ။ ပန်းနုရောင် စာရွက်မွှေးမွှေးလေး တစ်ရွက်ဟာ အတိုးအကျိတ် လုဖတ်ခြင်း ခံထားရတာကြောင့် ကျေမွလို့နေပြီ ။

တံမျက်စည်းကို လက်တစ်ဖက်မှာ ကျစ်ကျစ်ဆုပ်လျက်၊ ‌မျက်နှာလေးနီရဲကာ သူမ မျက်စိရှေ့က အဖြစ်အပျက်ကို စူးစိုက်ကြည့်နေသော ဖွံ့ဖွံ့တုတ်တုတ် ကောင်မလေးတစ်ယောက် အခန်းဝတွင် ရပ်နေသည် ။

စာပါ အကြောင်းအရာကို ဖတ်ပြီးသူတိုင်း ဝတုတ်မလေးကို လှည့်ကြည့်ကာ ပြုံးစိစိလုပ်‌ကြသည် ။ တချို့ ကျောင်းသားတွေက ဗြောင်တင်ပဲ သူမကို စနောက်၏ ။

" ရှိုင်းရေ ...ရှိုင်းရဲ့ ...ရှိုင်းကို ချစ်တယ် "

" ရှိုင်းရှိုင်း အဟက် အဟက် "

မျက်နှာပြောင်တဲ့ ကျောင်းသားတချို့က သူမအား လှောင်ပြောင်လိုက်ကြရင်ပဲ သူတို့တစ်တန်းလုံး ဝိုင်းရယ်ကြသည် ။ ဂရုမစိုက်ဟန်ဆောင်နေတဲ့ စာတော်တဲ့ကောင်မလေးတချို့ အပါအဝင် ... ။

သူမတို့ စိတ်ထဲမှာတော့ ဖူးသစ်ကြယ်စင်ဟာ C အခန်းမှာ ရောက်နေတာတောင် ကောင်လေးတွေအကြောင်း စဉ်းစားနေနိုင်သေးတယ်လို့ တွေးနေကြမှာပဲ ။ ဖူးသစ်လို ဟိုမရောက်ဒီမရောက် အရည်အချင်းနဲ့လူက သူမတို့လို စာတော်သော ကျောင်းသားတွေတက်တဲ့ ကျူရှင်ဝိုင်းကို လာတက်နေကတည်းက တချို့လူတွေ သဘောမကျချင်နေတာ ... ။

အခု သူမလို ဝတုတ်ပြီး စာလည်းမတော် ၊ ဆက်ဆံရေးလည်း ညံ့တဲ့ ကောင်မလေးတစ်ယောက်က မာန်ရှိုင်းဆက်လို ကောင်လေးတစ်ယောက်ကို သဘောကျမိတာ အရမ်းကို ဟာသဆန်နေမှာပဲ ။ 

သူမလည်း သိပါတယ် ၊ သူမအဖြစ်က ရယ်ရတယ်ဆိုတာ ... ။

ဒါပေမယ့် သူမမှာ ဆုံးရှုံးစရာဘာမှမှမရှိတာ ။ သူမရဲ့တည်ရှိမှုကို သူ ဘယ်တော့မှ အသိအမှတ်ပြုခဲ့တာ မဟုတ် ။ ထပ်ပြီး ဝေးစရာအကြောင်း မရှိတာမို့ ၊ ဒီစာလေးကြောင့် သူမဖက် သူ တစ်ချက်လေး လှည့်ကြည့်ခဲ့ရင် အမြတ်ပဲပေါ့ ။

Taming the F*ck-boy (Hiatus)Where stories live. Discover now