[16] About Him

7.3K 497 65
                                    

Zawgyi version is below ⬇️

#Unicode

ထပ်ပေါင်းထည့်ထားတာမို့ တစ်ဝက်ကနေ ဆက်ဖတ်ပါ ။

--------------------------------------

ညဟာ လေတဖြူးဖြူးနဲ့ တိတ်ဆိတ်တဲ့ ညတစ်ခု ။ ဓာတ်မီးတိုင် ဝါဝါတွေဖြင့် လူသံ ကားသံတွေစဲနေတဲ့ ရန်ကုန်မြို့ကြီး၏ အငွေ့အသက်ကို ပထမဦးဆုံး ခံစားဖူးခြင်းပင် ။

ဒေါ်မြင့်မြင့်ရှိန် ထည့်ပေးလိုက်တဲ့ အကြော်အခြမ်းဘူးလေးကို ပေါင်ပေါ်တင်ပိုက်ရင်း ဖွင့်ထားတဲ့ ကားပြတင်းပေါက်မှ လူရှင်းနေသော မြို့ကြီးကို ရှူစားနေမိသည် ။ ဖူးသစ် ပြန်တဲ့အချိန်အထိ ပြန်မရောက်လာခဲ့တဲ့ ကောင်လေးတစ်ယောက် ဘယ်တွေများရောက်နေမလဲ တွေးတောလျက် ... ။

ညကြီးမင်းကြီး သူ ဘယ်သွားစရာရှိမလဲ ? သူ ဖုန်းတွေဘာတွေရော ပါသွားရဲ့လား ? သူ့အိမ်ကလူတွေရော စိတ်မပူကြဘူးလား ?

အတွေးတွေပြေးနေရင်း ရန်ကုန်တက္ကသိုလ်ရှေ့လမ်းမကြီးသို့ ကားက ကွေ့သွားပြီ ။ တက္ကသိုလ်ဝင်းထဲမှ မှောင်မည်းနေသော သစ်ပင်ရိပ်များက ဓာတ်မီးတိုင်ပင်ကျော်ကာ လမ်းဘေးပလတ်ဖောင်းပေါ်အထိ ထိုးကျနေကြသည် ။ အမှောင်တစ်ဝက် အလင်းတစ်ဝက် မြင်ကွင်းထဲ ခပ်ဖြေးဖြေး ထွက်ပေါ်လာသော ပုံရိပ်လေးတစ်ခုကို မြင်လိုက်ရသည် ။

အကျီအစိမ်းရင့်ရောင်နှင့် ဘောင်းဘီအနက်ထဲ လက်နှစ်ဖက် ထိုးလျက် ၊ ခေါင်းငိုက်စိုက် ပလတ်ဖောင်းတစ်လျှောက် လမ်းလျှောက်နေ၏ ။

သူပဲ ။ မာန်ရှိုင်းဆက် ။

သူ အိမ်ကနေ ဒီအထိ လျှောက်လာသည်လား ?

" အန်... အန်တီ , ရပ်ရပ် ။ ဟိုးမှာ မာန်ရှိုင်းဆက် ! "

ဒါရိုက်ဘာအန်တီကြီးကို ခပ်မြန်မြန် ရပ်ခိုင်းလိုက်ပေမယ့် ထိုအန်တီက မအံ့ဩဟန် ။

" အစ်ကိုလေးက သူ့ဖာသာ ပြန်လိမ့်မယ် ။ သမီးကို အရင်ပြန်ပို့ဖို့က အရေးကြီးတယ် "

ထို့သို့ အလေးအနက်မထားဟန် တုံ့ပြန်မှုကို ဖူးသစ်မှာ ဒေါသဖြစ်လာမိသည် ။ သူတို့တစ်မိသားစုလုံး ၊ ဝန်ထမ်းတွေ အပါအဝင် ကလေးတစ်ယောက် ဤသို့ ညဖက်ကြီး တစ်ယောက်တည်း ထွက်သွားခြင်းကို သာမန်ကိစ္စတစ်ခုလို ပြုမူနေကြသည် ။

Taming the F*ck-boy (Hiatus)Where stories live. Discover now