[8] The day he found love

11.9K 644 142
                                    

Zawgyi version is below ⬇️

#Unicode

[A/N: ဖတ်ပြီးသားအပိုင်းမဟုတ်ပါ ။ ဟိုးနေ့ကအပိုင်းကို နောက်ထပ်စာတစ်ဝက် ထပ်ပေါင်းထည့်ထားပေးခြင်းဖြစ်ပါတယ်]

အကြံ့ခိုင်ဆုံးသော ကျောက်ဆောင်ကြီးတစ်ဆောင် ရေတိုက်စားခြင်းခံရဖန် များလာလျှင် သေးငယ်ပျောက်ကွယ်သွားသကဲ့သို့ ... ၊ ဖူးသစ်ရဲ့ မျှော်လင့်ချက်ဟာ သူ့ဆီမှ သာမန်ကာလျှံကာ အကြည့်တစ်ချက်နဲ့တင် လေထုထဲ အငွေ့ပျံသွားရ၏ ။

ဘယ်သူ့အမြင်မှာမှ အလှဆုံးမဖြစ်ချင်ခဲ့ ... ။ သူ တစ်စက္ကန့်ထက် ပိုကြည့်မယ့် မြင်ကွင်းထဲသာ ပါဝင်လိုခဲ့သည် ။ ဒါလည်း ကျကွဲပြန်တဲ့ အိပ်မက်တစ်ခုပါပဲ ... ။

ဝဲဂယက်တွေဟာ ဖူးသစ်ရဲ့ ရင်ထဲမှာသာ ... ၊ မျက်နှာအမူအရာအပေါ် တစ်ချက်မရောက်လိုက် ... ။ ဖူးသစ်အား ချီးမွမ်းနေကြတဲ့လူတွေကို အားယူပြုံးပြနေလိုက်သည် ။ ဖြစ်နိုင်တာက သူ့ရဲ့ဥပေက္ခာပြုမှုတွေမှာ ဖူးသစ် ရှင်သန်နိုင်နေပြီ ။

" ဒီအတိုင်းလေးပဲ နေရင်တောင် အလှဘုရင်မဆန်တာ ၊ ငါ့ညီမလေးက ဟေးဟေးဟေး "

အစ်မစိမ်းလဲ့သူမှာ ဖူးသစ်ကို မြှောက်ပင့်မဆုံးနိုင်ပေ ။ ဖူးသစ် မလုပ်ဘူးဟု ငြင်းလိုက်မှာ အတော်စိုးရိမ်နေပုံရသည် ။

" တကယ် ခဏလေးပဲဟုတ် အစ်မ ? "

" တကယ်ပါ ။ စင်ရဲ့ ဟော့ဒီအစွန်းကနေ ဟိုဖက်အစွန်းကို လျှောက်ပေးရုံလေးပါပဲ "

အစ်မစိမ်းလဲ့သူ၏ လက်ညိုးသွားရာကို လိုက်ကြည့်မိတော့ စင်က အတော်အသင့်ကျယ်၏ ။ ဖူးသစ် စိတ်ပူလာသဖြင့် အသက်အောင့်မိသည် ။ သို့ပေမယ့် ဘာမဟုတ်တဲ့ အကူအညီလေးအတွက် အများအရှေ့ အရေးတယူ အတွန့်တက်ပြသလို ဖြစ်နေမှာ စိုးသဖြင့် ဘာမှဆက်မမေးတော့ပေ ။

" ကောင်လေးတွေ ရောက်ပြီလား ? ဟိုဖက်မှာ မင်းတို့ကို မိက်ကပ်ပြင်မှာ ဟိုဖက်ကိုသွားကြ "

အစ်မစိမ်းလဲ့သူက ပွဲစီစဉ်သူတာဝန်ခံပီပီ တစ်နေရာတည်းမှာ ကြာကြာနေလို့မဖြစ် ။ ကင်းအရွေးခံရန် ရောက်လာသော ‌ကျောင်းသားတွေဆီ အစ်မက ပြေးသွားတော့သည် ။ ထို့နောက် သူမအနောက်မှနေ၍ ‌မာန်ရှိုင်းဆက်အပါအဝင် ကောင်လေးတစ်စု အခြားအခန်းသို့ လိုက်ပါသွားကြတော့သည် ။

Taming the F*ck-boy (Hiatus)Where stories live. Discover now