[12] I want to be her

8.3K 513 115
                                    

Zawgyi Below ⬇️

#Unicode

ရှိုင်း         > အခြေအနေ ။

ဖူးသစ်     > what... ? 

ရှိုင်း         > ဟိုညကလူ ထပ်လာသေးလား မေးတာ ။
                  
ဖူးသစ်     > မလာဘူး ။

ဖူးသစ်     > နင်တို့ ပြန်မလာသေးဘူးလား ?

ရှိုင်း         > မားသားကြီး သဘောပေါ့ ။ သူ ပြန်မယ်ဆိုရင် ငါလည်း ပြန်ရမှာပေါ့ ။
                  
ဖူးသစ်     > Aww Ok ...

ရှိုင်း         > GN :)

ဖူးသစ်နဲ့ သူ့ရဲ့ chat box က ဆင်တူသော စကားလုံးများဖြင့်သာ ပြည့်နေသည် ။ ဖူးသစ်တို့မှာ ပြောစရာမရှိ ။

' သူငယ်ချင်း ' တစ်ယောက်အနေဖြင့် ဘယ်နေရာမှာ ရပ်နေသင့်လဲ ဖူးသစ် အတော်တွေးတောလိုက်ရသည် ။ မိန်းကလေးသူငယ်ချင်းဟူသည် အတွင်းကျလွန်းလို့မရ ၊ ပေါ့ပါးလွန်းလို့မရသလို ၊ လေးနက်လွန်းလည်းမရပြန်ပေ ။ ပျင်းစရာကောင်းသော ကွာလတီတွေ အလျှံအပယ် ပိုင်ဆိုင်ထားသည့် ကောင်မလေးတစ်ယောက်မှာ အခက်တွေ့ရပါ၏ ။

သူ အလာပသလာပ မေးလာတဲ့ မေးခွန်းတွေကိုပဲ စိတ်ဝင်စားစရာကောင်းအောင် ဖြေရတာ အမော ။ ဖူးသစ်ကို ပျင်းစရာကောင်းပြီး မှိုင်တွေတဲ့ လူတစ်ဦးလို့ သူ ယူဆသွားမှာ မလိုလားဘူးလေ ... ။

သူနဲ့ ရင်းနှီးသွားပြီဟု မဆိုနိုင်သေးသော အဆင့်‌အောက် ခင်မင်ခဲ့ပြီး မစို့မပို့ ကျောင်းပိတ်ရက်ကလေးများ ကုန်ဆုံးခဲ့လေသည် ။

ဒုတိယနှစ်ဝက်တွင် ပထမနှစ်လေးများအတွက်  တက္ကသိုလ်၏ မှော်ဆန်မှုနှင့် သစ်ဆန်းမှုက စတင် လျော့ပါးလာလေပြီ ။ လေပေါ်မြောက်ပြီးသော် မြေပြင်ထပ် ခြေဖဝါးပြန်ချတဲ့အခါ ခံစားရသော ‌ကမ္ဘာ့ဆွဲအားလို ၊ ငါးနှစ်တာတိတိ ကျောင်းသားဘဝကို ဖြတ်သန်းရဦးမည်ဟူသော အချက်က ပုခုံးထပ်တွင် လေးလံ၏ ။

တက္ကသိုလ်၏ လုပ်ထုံးလုပ်နည်းများအား အသားကျပြီးနောက် assignment နှင့် tutorial တို့က ဆက်တိုက်လာသည် ။ ဖူးသစ်တို့ စာဖြင့်သာ လုံးပန်းနေခဲ့ရသည် ။ ထို့ကြောင့် စိတ်ရဲ့ နံရံ၌ ကုပ်တွယ်နေသော တစ်ယောက်သောသူအား သတိရခြင်းလေးမှာ ဖူးသစ်ဦးနှောက်၏ မျက်နှာသာပေး မခံရရှာ ... ။

Taming the F*ck-boy (Hiatus)Where stories live. Discover now