[18] The Break-up

11K 497 133
                                    

Zawgyi version is below ⬇️

#Unicode

‌မွဲပြာနေသော မိုးကောင်ကင်မှ မိုးဖွဲလေးများ ကျလို့လာပြီ ။ ထီးဖွင့်ရပျင်းတဲ့ ဖူးသစ် အသုံးမဝင်တော့သည့် မေးခွန်းစာရွက်ကို ခေါင်းမှာအုပ်ပြီး အဆောင်(၃)ရှေ့ ပိတောက်ပင်တွေအောက်က သစ်လုံးထိုင်ခုံတွေဆီ ပြေးသွားလိုက်သည် ။

သစ်ပင်အောက်ရောက်တော့ ပုခုံးတွေရော ၊ မေးခွန်းစာရွက်တွေပါ စိုရွဲကုန်၏ ။ မိုးဖွဲလေးပဲမို့ အမြန်ပြေးရင် လွတ်မယ်ထင်ခဲ့တာ မှားပြီ ။ ဒါပေမယ့် ဒီနေ့က စာမေးပွဲနောက်ဆုံးရက်ပဲလေ ။ ဖူးသစ် မိုးရေတောင်ချိုးပြီး ပြန်လို့ရသည် ။ မနက်ဖြန် ကျောင်းပိတ်ပြီ ။

နာရီဝက်လောက် စောပြီးနေသဖြင့် အချိန်ပြည့်တဲ့အထိ စာမေးပွဲခန်းထဲ ထိုင်မနေချင်တာကြောင့် တစ်ယောက်တည်း ထွက်လာခဲ့လိုက်တာဖြစ်သည် ။ အဖြေတွေကို ထပ်ခါထပ်ခါစစ်နေမယ့်အစား ဖုန်းထိုင်သုံးချင်တယ်လေ ။

မိုးက တဖြည်းဖြည်း သည်းလာတာမို့ ရေငွေ့ရေမွှားလေးများ ဖူးသစ်ကိုယ်ပေါ်သို့ လာစင်နေ၏ ။ ဖူးသစ် အမှုမထား ... ၊ မိုးကို နှစ်သက်သည် ။ အေးစိမ့်စိမ့်ဖြင့် သီချင်းလေးနားထောင်ရန် သီချင်းရွေးနေလိုက်၏ ။ 

" ညီမလေး ! အစောကြီး ဖြေပြီးနေတာလား "

မိုးရေထဲမှ ဖူးသစ် ထိုင်နေရာသို့ ခပ်ဖြည်းဖြည်းလျှောက်လာနေသော အစ်မစိမ်းလဲ့သူပင် ။ သူမနဲ့ပါလာတဲ့ သူငယ်ချင်းနှစ်ယောက်ကို တာ့တာပြကာ ဖူးသစ်ဆီ ချည်းကပ်လာတာဖြစ်၏ ။ ရိုးရိုးလာနှုတ်ဆက်တာမဟုတ် ၊ တစ်စုံတစ်ခု ပြောစရာရှိတယ်ထင်ပါသည် ။

ဖူးသစ် စိတ်ထဲမှ စနိုးစနောက် ... ။ တစ်ယောက်သော ကောင်လေးထံ ထားမိတဲ့ခံစားချက်တို့က ဖူးသစ်ကို အစ်မစိမ်းလဲ့သူရဲ့ စစ်မှန်တဲ့ဂျူနီယာလေးတစ်ယောက်ဖြစ်ဖို့ တားမြစ်ထားသည် ။ သူမရဲ့ စကားတွေထဲ သူ့နာမည်‌ေလးတစ်ခွန်း ပါလာရင်ပဲ ၊ ဖူးသစ် နာကျင်ရသည် ။ သူ့ရဲ့ချစ်သူရည်းစားတွေနဲ့ ရိုးသားစွာ စကားစမြည်ပြောဖို့လောက်အထိ ဖူးသစ်မှာ ကိုယ့်စိတ်ကို ကိုယ်အစိုးမရနေပါ ။

သို့ပေမယ့် လောကဝတ်တော့ ကျေအောင် တုံ့ပြန်ရသည် ။

" ဟုတ် , အစ်မရောလား ? "

You've reached the end of published parts.

⏰ Last updated: Jul 01, 2023 ⏰

Add this story to your Library to get notified about new parts!

Taming the F*ck-boy (Hiatus)Where stories live. Discover now