[17] Pluto's story

6.3K 397 41
                                    

#Unicode

" ဂြိုလ်တွေအကြောင်း တော်တော်လေး စိတ်ဝင်စားတဲ့ပုံပဲ ။ စာအုပ်ဖတ်တာလား ? "

စာဖတ်ခြင်းကို နှစ်ချိုက်သော ဖူးသစ်နဲ့ ဝါသနာများ တူနေမလား စိတ်လှုပ်ရှားစွာ တီးခေါက်ကြည့်လိုက်သည် ။

" အရမ်းစိတ်ဝင်စားတယ် ဆိုတာထက် ... နည်းနည်းပါးပါးပါ ။ ဟိုဟိုဒီဒီ လျှောက်ဖတ်ထားတာ ၊ YouTube မှာ တခါတလေ ပျင်းရင် ကြည့်တာမျိုးလောက်ပါပဲ "

' အရမ်းစိတ်မဝင်စားပါဘူး ' ဆိုတဲ့ မျက်လုံးတွေဟာ ဤမျှတောက်ပနေမည် မဟုတ် ။ သူဟာ အာကာသကြီးကို နှစ်သက်သော ကောင်လေးတစ်ယောက်ဖြစ်သည် ။ ရှာဖွေတွေ့ရှိမှုအသစ်လေးအား ဖူးသစ် ရင်ခုန်စွာ မှင်အနက်ဖြင့် မှတ်ဉာဏ်ထဲ ရေးသားလိုက်၏ ။ မာန်ရှိုင်းဆက်ဟာ သူသဘောကျသော အရာတွေအရှေ့၌ အံ့ဖွယ်ကောင်းလောက်အောင်။ ဟန်ဆောင်မှုကင်းလေသည် ။

လူကို ဘယ်လောက် အသည်းယားသွားစေသလဲဆိုတာ ငြင်းလို့မရ ။

" အဟမ်း "

ဖူးသစ်မျက်နှာက ပြုံးဖြီးနေတာကြောင့် ဟန်မပျက်စေရန် လည်ချောင်း ရှင်းလိုက်သည် ။ သူနဲ့ စကားပြောဖို့ ခေါင်းစဉ်ကို ရှာနေစရာမလိုတော့ ... ။ မိမိသိသမျှ စကြဝဠာကြီးအကြောင်း ကောင်းနိုးရာရာများကို ထုတ်သုံးဖို့ အချိန်တန်ပြီလေ ။

" ဂြိုလ်ဆိုလို့ ၊ ပလူတိုက ဂြိုလ်အဆင့်ကနေ ပယ်ချခံထိသွားတယ်ဆို ? ဂြိုလ်စာရင်းဝင်ဖို့ အရမ်းသေးလို့ ဆိုလားပဲ ... "

" အင်း ... သူ့ထက်ကြီးတဲ့ အဲရစ်ဆိုတဲ့ အုတ္ကာခဲကို ရှာဖွေတွေ့ရှိပြီးတဲ့အချိန်မှာ ၊ ကျွမ်းကျင်သူတွေက ပလူတိုကို ဂြိုလ်အဖြစ် သတ်မှတ်သင့် မသတ်မှတ်သင့် ဆုံးဖြတ်ကြတယ် ။ ပြီးတော့ စာရင်းက ထုတ်လိုက်တာ ။ အခု ပလူတိုမဟုတ်တော့ပဲ ၊ အုတ္ကာခဲနံပါတ် 134340 လို့ ခေါ်နေကြပြီ "

တည်ငြိမ်စွာ ဆိုလာသော သူ့အဖြေက ဖူးသစ်ကို အနည်းငယ် ဝမ်းနည်းသွားစေ၏ ။ ပလူတိုအစား မတရားခံလိုက်ရသလို ‌ဆိုလိုက်မိသည် ။

" ဟင် ဒါဆိုရင် ပလူတို သနားပါတယ် ။ နာမည်လေးတောင် မရှိတော့ဘူးပေါ့ "

Taming the F*ck-boy (Hiatus)Where stories live. Discover now