[7] Never gonna love you

10.4K 614 89
                                    

Zawgyi version is below ⬇️

#Unicode

~ unedited ~

ဖတ်ဖူးတဲ့ အချစ်ဇာတ်လမ်းများနဲ့ ခြားနားပြီး ဆန်းပြားသည့် အကြောင်းအရာတွေ ဖူးသစ်ရဲ့ပုံပြင်မှာ မရှိ ။ ဖန်တရာတေနေတဲ့ စာကြောင်းတွေနှင့် အက်ကြောင်းထပ်နေတဲ့ ခံစားချက်တွေကိုသာ အထပ်ထပ်အခါခါ ရေးသားထားသည် ။

သူ့အပေါ်ထားတဲ့ ဖူးသစ်ရဲ့ အချစ်က နင့်နဲတယ်လည်း မဟုတ်သလို ၊ ‌ရော့ရဲတယ်လည်း မဟုတ် ။ မတမ်းတလည်းပဲ မြင်ယောင်နေတတ်ပြီး ၊ မလွမ်းလည်းပဲ မျှော်နေမိတဲ့ တည်ရှိမှုမျိုးပေါ့ ။

သူ့ကို ဘယ်အချိန်ကတည်းက စချစ်မိခဲ့သလဲ ? ဘာကြောင့်လဲ ? ဘာလို့လဲ ? အဖြေမရှိ ။

ထမင်းစားပြီးရင် ပါးစပ်မှာဆီဝင်းနေတတ်တဲ့ ဝကစ်ကစ်ကလေးမလေးရဲ့ ဘေးနား တစ်နေ့သောအခါ၌ သိပ်ဆိုးတဲ့ ကောင်လေးတစ်ယောက် ရှိနေခဲ့တာကိုပဲ မှတ်မိတော့သည် ။

အလယ်တန်းလောက်အထိ ဖူးသစ်ကြယ်စင်ဟာ အတန်းထဲ အော်ပီကျယ်ကလေးဖြစ်၏ ။ သူငယ်ချင်းများထက် ပိုထွားတာကြောင့် ခပ်ပိန်ပိန်သေးသေး ကောင်မလေးများ ဖူးသစ်ကို အားကိုးကြသည် ။ ဖူးသစ်က သူမတို့ကို ယောင်္ကျားလေးများထံမှ ကာကွယ်ပေး၏ ။ ထို့ကြောင့် ဖူးသစ်မှာ အစအနောက်သန်သော ကောင်လေးများအတွက် ကမ္ဘာ့ရန်သူပင် ။

ဖူးသစ်တို့ကျောင်း၏ သတ်မှတ်ချက်အရ အလယ်တန်းမှ စ၍ ကျောင်းသူကျောင်းသားများသည် လုံချည်နှင့်လည်ကတုံး ၊ ထဘီနှင့်ရင်ဖုံးကို စဝတ်ရပြီဖြစ်သည် ။ ငါးတန်းကျောင်းသူ ဖူးသစ်ကြယ်စင်ကလေးသည် ထဘီနဲ့ရင်ဖုံးကို ပျော်ရွှင်စွာ ဝတ်ဆင်ခဲ့သည် ။ ကျောင်းသူမကြီးများနှယ် ဆံပင်အရှည်ထားကာ ဖဲကြိုးအပြာလေးပါ စည်းထားတတ်သည် ။

ဖူးသစ်၏ ဖောင်းတင်းနေတဲ့ ခန္ဓာကိုယ်လေးမှာ ငယ်စဥ်ဂါဝန်များ ဝတ်ခဲ့တုန်းက မသိသာခဲ့သော်လည်း ၊ ထဘီနဲ့ရင်ဖုံး ဝတ်ချိန်တွင် လွန်စွာ သိသာနေခဲ့သည် ။ ရံဖန်ရံခါ ဖူးသစ်ရဲ့ ခါးကြားမှ ဗိုက်ခေါက်လေး ထွက်နေတတ်တာမို့ မေမေက ဖူးသစ်ကို အမြဲ သုံးထပ်သားတုံးလေးဟု ခေါ်ခေါ်တတ်သည် ။ မေမေက ချစ်စနိုးခေါ်ခဲ့တာမို့ ဖူးသစ် ဘယ်တော့မှ စိတ်ထဲမထားခဲ့ ... ။

Taming the F*ck-boy (Hiatus)Where stories live. Discover now