[3] Kindness

10.5K 589 74
                                    

Zawgyi version is below ⬇️

#Unicode

သူ ရုတ်တရက် ပေါ်လာတာကြောင့် ဖူးသစ် မိမိနံပါတ်စဉ်ကို ကြည့်ဖို့ မေ့လာခဲ့ပြီ ။ ဒါပေမယ့် သူ့ မျက်လုံးအောက်မှာ ပျော့ခွေမသွားတာထက်တော့ ပိုကောင်းပါသည် ။

" ဘယ်တော့ ဝင်ရမှာတဲ့လဲ ? "

ဖူးသစ် ကားနားကို ပြန်သွားတော့ ဖေဖေက အပြင်မှာ ထွက်စောင့်နေ၏ ။ ဖူးသစ် ခေါင်းခါပြလိုက်သည် ။

" လူ အရမ်းတိုးတယ် ။ သမီး မကြည့်ခဲ့ရဘူး "

" အယ် အဲဒီတော့ အဖေတို့ ဘယ်လိုလုပ်မလဲ ။ သမီးကို ပို့ပြီးမှ ထမင်းသွားစားရမှာလေ ၊ ဖိုးသားက ဂျီကျနေပြီ "

ဖူးသစ် ကားထဲကို ကြည့်တော့ မောင်လေးဖြစ်သူ ရဲသွေးခန့်တို့ ဆယ်နှစ်သားအရွယ်နဲ့မလိုက် မေ့မေ့ ပေါင်ပေါ်မှာ ခွထိုင်ကာ ကလေးကလားလုပ်ပြနေ၏ ။ ဖူးသစ် အမြင်ကတ်လာတာမို့ နှုတ်ခမ်းလေး ဆူပုပ်မိသည် ။

ဖေဖေက လေပူတွေကို မှုတ်ထုတ်ကာ ဆက်ဆိုလာသည် ။

" အဖေ သွားကြည့်လိုက်မယ် ၊ အထဲဝင်နေတော့ "

ဖေဖေက သမီးဖြစ်သူ၏ လူရှိန်တတ်ပုံကို သိထားတော့ သိပ်မတွန်းပေ ။

ပြောင်းလဲပါ့မယ်ဟု စိတ်ပိုင်းဖြတ်ထားခဲ့တာတောင် သူ့အရှေ့ရောက်တိုင်း ယိမ်းယိုင်နေတုန်းပင် ... ။ ဖူးသစ် မျက်နှာလေးညှိုးသွားရကာ စိတ်ထဲမှာ မိမိကိုယ်ကို ထုထောင်းနေမိသည် ။

" အန်ကယ် သွားစရာမလိုဘူး ၊ ကျွန်တော် ဖူးသစ်ကြယ်စင်အတွက်ပါ ကြည့်ခဲ့‌တယ် "

ထိုအသံကို ကြားတာနဲ့ ဖူးသစ် လန့်ဖြန့်ကာ အနောက်လှည့်ကြည့်လိုက်၏ ။ ကိုယ်တော်လေးမှာ နေပူထဲကနေ ဖူးသစ်တို့ကား ရပ်ထားသော သစ်ရိပ်သို့ ကြွလာလေပြီ ။

စတိုင်လ်ဘောင်းဘီ အသားရောင်နှင့် အောက်မှ တီရှပ်ရိုးရိုးရှင်းရှင်း အဖြူလေးကိုခံကာ ၊ အပေါ်မှနေ၍ တံတောင်ထိရှိတဲ့ ချည်ထည်အညိုရောင်ပွပွလေး ထပ်ဝတ်ထားသည် ။ လည်ပင်းမှာ ပလက်တီနမ်ကြိုး ခပ်ပါးပါးလေးကို ဆွဲလျက် ၊ နားနှစ်ဖက်လုံးမှာ ငွေရောင်ကွင်းလေးနှစ်ကွင်း တပ်ထား၏ ။ နေရောင်ထဲ ထိုငွေရောင်ကွင်းလေးတွေက တလက်လက် ။

Taming the F*ck-boy (Hiatus)Where stories live. Discover now