Our Friendship .. [U]

238 22 0
                                    

" သဲငယ် .. ဆံပင်ညှပ်တော့ အရမ်းရှည်နေပြီ "

ငယ်ငယ်တုန်းကဆို နားရွက်အုပ်ရုံမျှ ဆံပင်ရှည်လာ
လျှင်တောင် နည်းနည်းလေး အချိန်မဆိုင်းဘဲ ညှပ်တက်
သူက အထက်တန်းနောက်ဆုံးနှစ်ရောက်မွ ဘာစိတ်ကူး
ပေါက်သည်မသိ ။ အရောင်ဆိုးခွင့်မရသေးသော ဆံပင်
အနက်ရောင်ကို ဆံပင်ညှပ်ဖို့ လုံးဝမထိတော့ ။

တက္ကသိုလ်ရောက်တော့ ပထမနှစ်ကတည်းက ဆံပင်
အနက်ေရာင်ကို ရွှေအိုရောင်ပြောင်းဆိုးပစ်ပြီး
ဂုတ်ကျော်ကျော်ဆံပင်ကို သေချာပုံသွင်းကာ အမျိုးမျိုး
စတိုင်ထုတ်တော့သည် ။

ယောကျာ်းလေးတစ်ယောက်ဟာ ဆံပင်အရှည်မထား
သင့်သော်ငြား သူနှင့်ကတော့ လိုက်ဖက်သည်ထက်ပင်
အတိုင်းအတာကျော်လွန်ခဲ့၏ ။

ဖြူ ဖွေးပြီးပန်းရောင်သန်းနေသည့်အသားအရေ ..
ရှည်လျားလွန်းသည် အရပ် ..
ခန္ဓာကိုယ်ထိန်းသိမ်းနိုင်တဲ့အရည်အချင်းကြောင့်
ချပ်ရပ်ပြီးအဆီအပိုမရှိသည့် ကိုယ်လုံး ..
ကျယ်ပြန့်သည့် ပခုံးကျယ် ..

မေးရိုးချွန်ချွန် မထိတရီအပြုံးစစနှင့် နှုတ်ခမ်းပါး ..
နှာတံစင်းစင်း ကြည်တောက်နေသည့် မျက်ဝန်းအိမ် ..
မျက်ခုံးနက်နက် ..

ချောလွန်းပါသည်ဟူသော ချီးကျူ းစကားတွေကိုတောင်
ကျော်လွန်၍ အရာရာပြည့်စုံနေသည်မျိုး ။

က်တော်ကိုယ်တိုင်လည်း သူ့ဆံပင်အရှည်ကို သဘော
မကျတာမဟုတ်ပေမဲ့ နှစ်ရှည်လမ်ား မထားစေချင် ။

" ဘာလို့လဲ ငါနဲ့ကြည့်မကောင်းလို့လား "

" မဟုတ်ပါဘူး ။ ဒါပေမဲ့ .. "

" ငါတစ်သက်လုံးအရှည်ထားမွာ ။ သူက
ဆံပင်အရှည်ကို သဘောကျတယ်တဲ့ "

ခေါင်းလျှော်ပြီး ရေစက်လက်နှင့် အပျင်းတစ်နေသည့်သူ့ကို
အနားထိုင်ခိုင်း၍ စေတနာနှင့် လက်အညောင်းခံ
ခေါင်းသုတ်ပေးသည်ကိုမထောက် သဘက်ကိုင်ထားသော
လက်ကိုပုတ်ချပြီး ဆံပင်ညှပ်ခိုင်းလို့ စိတ်ဆိုးသြားသတဲ့ ။

လက်စသတ်တော့ ကိုယ်တော်ချောက ဘယ်နှစ်ခုနှစ်ထဲက
ကြိုက်ခဲ့မှန်းမသိသော အချစ်ဦး၏ စကားကို အခုအချိန်အထိ
မမေ့သေးပုံပင် ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now