I Have already ...

3.7K 459 14
                                    

* ချစ်​တယ်​ .. ​မောင်​ *

" သဲငယ်​ ​မောင့်​ ကို တစ်​ခုခု ​ပြောလိုက်​​သေးလား "

ဘာဘယ်​တီးတစ်​ဘူးနှင့်​ ​ချော့ကလက်​ ကိတ်
သေး​သေး​လေးတစ်​တုံးကို ကျ​တော့်​စားဖို့ရန်
ကိုယ်​တိုင်​သွားယူ​ပေးသူ ဂျုံ အင်​ အား အမြဲတမ်း
အ​တွေးထဲသာထား​နေကြစကားတစ်​ခွန်းအား
နှုတ်​ခမ်းလှုပ်​ရုံဖွင့်​ထုတ်​မိချိန်​ သတိထားမိသွား၍လားမသိ
မျက်​ခုံးစွန်းကို​ချိုးကာတရားခံစစ်​သလိုစစ်​လာသည်​ကြောင့်​ မကြားဟန်​ပြုလိုက်​သည်​ ။

" ဟွန်း ငယ်​ ..
မောင်​ကြား​အောင်​​ပြော​လေကွာ .. မင်းက တိုးတိုး
တိုးတိုးနဲ့ သိချင်​စိတ်​​ပေါက်​​အောင်​ တမင်​ဆွ​ပေး​နေတဲ့
အတိုင်းဘဲ ..

လွန်​ခဲ့တဲ့တစ်​ပတ်​ကအတိုင်း နားတပူပူနှင့်​ ကျ​တော့်​ထံမှ
တစ်​ခုခုထွက်​မလာမချင်းကို ​ထို​မေးခွန်းကလွဲ
အခြား​ပြောင်းမသွား ။

" သဲငယ်​ .. ဟွန်း ငယ်​ .. ​မောင်​ ​မေး​နေတာကြားလား "

" နားညည်းတယ်​ ပိတ်​ထားစမ်း "

" သဲငယ်​ မင်းကွာ .. အရမ်းဆိုးလိုက်​တာ "

ကျ​တော့်​၏ စကားအကန်​များအား စိတ်​မဆိုးသည့်​အပြင်
ချစ်​မဝသ​ယောင်​ အပြုံး​ရေး​ရေးက ပိုလို့ပင်
ကန်​လန့်​တိုက်​ချင်​စိတ်​​ပေါက်​သည်​ ။

ဘယ်​လိုသည်းခံစိတ်​နှင့်​ ကျ​တော်​ ဆိုးသမျှအား
ဒေါသမထွက်​ စိတ်​မခုဘဲ ပြုံးဖြီးနိုင်​သည်​မသိ ။

" ​အဲ့​တော့ ဘာဖြစ်​ချင်​လဲ .. "

" ချစ်​ချင်​တယ်​ .. "

" ဂင်​ ဂျုံ အင်​ .. မင်း ဘာစကား​ပြောတာလဲ "

လက်​ထဲက ဘာဘယ်​တီး​ဘူးနှင့်​ ​ကောက်​​ပေါက်​ရန်
ဟန်​ပြင်​​တော့ လက်​တကာကာ နှင့်​ တဟဲဟဲ
အရယ်​မပျက်​ ။

မုန်းဖို့​ကောင်းလိုက်​တဲ့ ​မောင်​ ..

" မင်းလည်း မုန်းဖို့​ကောင်းတယ်​ သဲငယ်​ "

ကျ​တော့်​စိတ်​ကိုသိ​နေသည့်​နှယ်​ ကျ​တော်​​တွေးသမျှအား
နားလည်​​နေသည့်​နှယ်​ တစ်​ထပ်​တည်း
ပြန်​​ချေပ​သော​ စကား​ကြောင့်​ အလိုလိုက်​ခံရလို့
အားနာမိသည့်​စိတ်​​တောင်​ကြက်​​ပျောက်​ငှက်​​ပျောက်​ ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now