Strange Heart Feeling .. [U]

121 14 0
                                    

သဲငယ်ပခုံးအားဖက်ရင်း လမ်းလျှောက်ရသည့်
အရသာသည် က်တော် ရည်းစားထည်လဲတွဲပြီး
ချိန်းတွေ့သောခံစားချက်ထက်ပင် ပိုလတ်ဆတ်ပြီး
ပိုလှသည် ။ ပို၍လည်း နွေးထွးသည် ။

" သဲငယ် .. ဟွန်း ငယ် .. မင်း မောင့် ကို ချစ်လား "

" ဘာတွေလာမေးနေတာလဲ ?? ရူးနေလား "

က်တော့်အမေးကို
မျက်မှောင့်ကုတ် ပေစောင်းစောင်းကြည့်ပြီး
ဘုကလန့်ပြန်ဖြေသည့် သဲငယ် စကားကြောင့် ဘယ်လိုပင်
နားထောင်ရကန့်လန့်ဖြစ်စေကာမူ က်တော့်အတွက်တော့
ရယ်လို့မဆုံးနိုင် ။

" မင်း က ငါ့အတွက်တစ်ဦးတည်းသောသူဘဲ
ဆယ်ဟွန်း ။ ဒါလေးတော့ သိထားပေး "

မကြားဟန်ဆောင်ပြု အလေးမထားသလို မျက်နှာလွဲ
သွားသည့်တိုင် က်တော့်ကို နည်းနည်းလေးတောင်
စိတ်မကွက်စေပါ ။

ဆိုးစမ်းပါ ။ ရစ်စမ်းပါ ။ ဂျစ်တိုက်စမ်းပါ ။
မောင် ဟာ သဲ ငယ် အတွက် စိတ်ရှည်ပြီးသား ။

အများအမြင် က်တော်ဟာ သဲငယ် ကို ရိုးရှင်းစြာ
ခင်တွယ်သည်မဟုတ်ဘဲ နားလည်ရခက်သော
စိတ်ခံစားချက်နှင့် အတ္တနွယ်သည်ဟု လက်ညိုးထိုးကြ
လိမ့်မည် ။

သို့သော် က်တော့် စိတ် က်တော့် ခံစားချက်ကို
ကိုယ်တိုင်သာ နားလည်သည် ။ သိသည် ။

မောင်ဟာ သဲ ငယ် ကို ချစ်သော်လည်း
စွဲလမ်းခြင်းပါမည်မဟုတ် ။

မောင် ဟာ သဲ ငယ် ကို အပိုင်လိုချင်စိတ် ရှိသော်လည်း
တဏှာကင်းသည် ။

ဤသည်ကား နှစ်ရှည်လမ်ား ယုံကြည်ခဲ့သော
က်တော့်၏ စိတ်ရင်းအမှန် ဖြစ်ပေ၏ ။

သို့သော်ငြား အခုတလော မကြာခဏ
ထိုစိတ်ရင်းအမှန်ကို သံသယဝင်ချင် လာ သည် ။

" မောင် .. "

အရင်တစ်ခေါက် ဆံပင်ညှပ်ခိုင်းကတည်းက
မောင် ဟု မခေါ်မသုံးဘဲနေရာမှ မကြားရတာကြာပြီ
ဖြစ်သော အို ဆယ် ဟွန်း လေး ၏ ဆောင့်ကြီးအောင့်ကြီး
တစ်ခွန်းတည်းလေသံကတောင် နားထောင်နေကြထက်
ပိုချိုသည် ။

" နောက်တစ်ခေါက်လောက် .. သဲငယ်
မောင် လို့ နောက်တစ်ခေါက်လောက် ခေါ်ပေးပါလား "

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now