I am His Owner .. [U]

129 17 0
                                    

" သဲငယ် !! "

" ဟွန်း ငယ် !! "

" ငယ် ငယ် !! "

တစ်ခွန်းနှင့် လှည့်မကြည့်သော သဲ ငယ် အား
နှစ် ခွန်း ဆင့်ခေါ်သည် ။ သို့သော် အဖက်မလုပ်သောအခါ
သုံးကြိမ်မြောက် အခေါ်အပြီး ဖြူ မွတ်နေသည့် ပါးပြင်
တစ်ဖက်အား နမ်းလိုက်မိသည် ။

" ဘာလုပ်တာလဲ .. ဂင် ဂျုံ အင် !! "

မျက်မှောင့်ကုတ်ကာ ထမထိုးရုံတမယ် က်တော့်အား
ခပ်စိမ်းစိမ်းကြည့်လေသည်မို့ စိတ်ထဲမတင်မက်
ဖြစ်သြားသော်လည်း မျက်နှာချင်းဆိုင်တည့်တည့်က
မိန်းကလေး၏တအံ့တသြပုံစံကိုမြင်နေရသဖြင့်
ကျေနပ်အားရသည့်စိတ်က ပိုကြီးထွားနေ၏ ။

" မောင် ခေါ် နေတုန်း အဖက်လုပ်သင့်တယ်
သဲငယ် .. မဟုတ်ရင် ဒီထက်ပိုဆိုးမယ် "

အနည်းငယ်စကားရင့်သွားမှန်းသိလိုက်ပေမဲ့ ..
မတက်နိုင် ။ အနှီးမိန်းကလေးနှင့် သဲ ငယ် တို့၏
ကြည့်နူးချင်စရာအချစ်ခန်းကို ဒီထက်ပို မကြည့်နိုင် ။

က်တော် ဖုန်းဆက်တုန်းကတောင် တစ်ယောက်တည်း
ထိုင်နေကြ ကော်ဖီဆိုင်မှရှိပါတယ်လို့ ဖြေတဲ့သူက
က်တော်ရောက်သွားသည့်အချိန် သူ့ရည်းစားနှင့်
အပြုံးပဒေသာ ပလူး နေသောမြင်ကွင်းမျိုး မြင်လိုက်ရသည့်
အတွက် က်တော့်စိတ် ဘယ်လိုမှကြည်လင်မနေပါ ။

သူကတော့ အေးအေးဆေးဆေးပင် မိတ်ဆက်ပေးပေမဲ့
အဘယ့်ကြောင့် က်တော်က စိတ်တိုနေရသနည်း ။

သူလည်းရည်းစားမ်ားသလို က်တော်ကိုယ်တိုင်လည်း
မရေမတွက်နိုင်အောင်ထားခဲ့သည်မို့ အခုလို
မိတ်ဆက်ပေးသည့်ကိစ္စမျိုးက ရေးကြီးခွင့်ကျယ်မဟုတ်
သော်ငြား သဲ ငယ် ၏ အခုမိန်းကလေးပုံစံက
သဲ ငယ် ဆိုးသမွ်ကို သည်းခံခွင့်လွှတ်ပေးနိုင်သည့်
အရိပ်အယောင်မျိုး အထင်အရှားပေါ်လွင်နေတော့
ဘယ်လိုမှဘဝင်မကျနိုင် ။

အကယ်၍မ်ား သဲ ငယ် ကအပျော်ထားသည်မဟုတ်ဘဲ
စိတ်ရင်းနှင့် သဘောကျသွားခဲ့ပါလျှင် ..
တွေးကြည့်ရုံနှင့် ဒေါသထွက်လာစေသဖြင့် ထိုမိန်းကလေး
ရှေ့တွင် က်တော့်ကို အဖက်မလုပ်သည့် သဲ ငယ် အား
စိတ်မဆိုး .. ဆိုးအောင်ကို တစ်ခုခုလုပ်ပစ်ချင်သည် ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now