One Side Love ..

4.9K 540 8
                                    

" မင်း နဲ့ ဂျုံ အင်​ နဲ့က သူငယ်​ချင်း ..
မြဲမြဲမှတ်​ထား မင်း လုံးဝ ဂျုံ အင်​ ကို ချစ်​လို့မရဘူး  ..
ကြားလား အို ဆယ်​ ဟွန်း "

" ဟုတ်​ .. ဟုတ်​ကဲ့ မားမား "

အပြုံးနုနုနှင့်​ ​လေ​​ပြေ​လေး​သွေးပြီး ဆယ်​ နှစ်​ သား
အရွယ်​ကတည်းက မားမားရိုက်​သွင်း​ပေးထားတဲ့
အ​တွေး ။

ထိုအချိန်​ကစ၍ ကျ​တော်​ဟာ မားမား၏တားမြစ်​ချက်​ကို
ကျော်​လွန်​၍ ​မောင့်​ အား ပိုခင်​တွယ်​လာခဲ့သည်​ ။

ဂျုံ အင့်​ ဆီက သဲငယ်​အ​ခေါ်ခံရဖို့
ကျ​တော်​ ဂျုံ အင်​ အား ​မောင်​ ​ခေါ်ဖို့
သို့တည်းမဟုတ်​ ​​မောင်သ​ဘောကျတဲ့ ဆံပင်​အရှည်​ထားဖို့

ဂျုံ အင်​ နှင့်​ပတ်​သတ်​ပြီး ကျ​တော်​ နဲ့ မားမား ခဏခဏ
ပြသာနာတက်​ဖူး၏ ။

လက်​ရှိလည်း မားမားကို အာခံကာ တစ်​ဖက်​သတ်​အချစ်
နှင့်​ ဂျုံ အင့်​ အ​ပေါ် အချစ်​တိုး​နေဆဲ ။

" သဲ ငယ်​ .. ဆိုင်​ ကယ်​ ပြန်​ စီး​နေတာလား "

ကျောင်းဂိတ်​ဝတွင်​ ကျ​တော်​မလာမချင်း စိတ်​ရှည်​ရှည်
စောင့်​​ပေးတက်​သည့်​​ ​မောင့်​ ကို တစ်​ချက်​​တောင်
ပြန်​မကြည့်​ဘဲ ​ကျောင်းဝင်းထဲသာ တစ်​ခါတည်း
မောင်းဝင်​သွား​တော့ ခပ်​သဲ့သဲ့ ကျန်​ရစ်​ခဲ့​သော
စကားလုံး ဝိုးတိုးဝါးတားများက မသဲကွဲ​သော်​ငြား
မ​နေ့ကကိစ္စ​ကို စိတ်​ဆိုး​နေ​သေးတာလားဟူ​သော
စကားကလွဲ အခြားမရှိနိုင်​ပါ ။

ဆိုင်​ကယ်​ထားပြီး အတန်းသွားရာ လမ်းတစ်​​လျှောက်​အထိ
ကျ​တော့်​​ဘေးနားတွင်​ ​မောင်​ မပါ​သေး ။

တစ်​ခါတစ်​​လေ ကျ​တော်​ ​တွေးဖူးသည်​ ။
တစ်​ချိန်​ကျရင်​ သူငယ်​ချင်း အမည်​ခံ​လေး​တောင်
မရှိ​တော့ဘဲ ​မောင်​ ဟာ တစ်​​စုံတစ်​​ယောက်​ရဲ့ လက်​ကို
ဆုတ်​​ကိုင်​ပြီး ကျ​တော့် ​ဘေးနားက​နေထွက်​သွားခဲ့သည်
ဆိုလျှင်​ လိုမျိုး​တွေ​ပေါ့ ။

သံ​ယောဇဉ်​ဖျက်​ ​ကျောခိုင်းသွားတာမျိုးမဟုတ်​​ပေမဲ့
အရင်းနှီးဆုံးလူတစ်​​ယောက်​အ​နေနှင့်​​တော့ ကျ​တော်
ဖက်​တွယ်​ခွင့်​ရှိ​တော့မည်​မဟုတ်​ ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now