Strange Heart Feeling ..

3.9K 460 26
                                    

သဲငယ်​ပခုံးအားဖက်​ရင်း လမ်း​လျှောက်​ရသည့်
အရသာသည်​ ကျ​တော်​ ရည်းစားထည်​လဲတွဲပြီး
ချိန်း​တွေ့​သောခံစားချက်​ထက်​ပင်​ ပိုလတ်​ဆတ်​ပြီး
ပိုလှသည်​ ။ ပို၍လည်း ​​နွေးထွးသည်​ ။

" သဲငယ်​ .. ဟွန်း ငယ်​ .. မင်း ​မောင့်​ ကို ချစ်​လား "

" ဘာ​တွေလာ​မေး​နေတာလဲ ?? ရူး​နေလား "

ကျ​တော့်​အ​မေးကို
မျက်​​မှောင့်​ကုတ်​ ​ပေ​စောင်း​စောင်းကြည့်​ပြီး
ဘုကလန့်​ပြန်​​ဖြေသည့်​ သဲငယ်​ စကား​ကြောင့်​ ဘယ်​လိုပင်
နား​ထောင်​ရကန့်​လန့်​ဖြစ်​​စေကာမူ ကျ​တော့်​အတွက်​​တော့
ရယ်​လို့မဆုံးနိုင်​ ။

" ​​မင်း က ငါ့အတွက်​တစ်​ဦးတည်း​သောသူဘဲ
ဆယ်​ဟွန်း ။ ဒါ​လေး​တော့ သိထား​ပေး "

မကြားဟန်​​ဆောင်​ပြု အ​လေးမထားသလို မျက်​နှာလွဲ
သွားသည့်​တိုင်​ ကျ​တော့်​ကို နည်းနည်း​လေး​တောင်
စိတ်​မကွက်​​စေပါ ။

ဆိုးစမ်းပါ ။ ရစ်​စမ်းပါ ။ ဂျစ်​တိုက်​စမ်းပါ ။
မောင်​ ဟာ သဲ ငယ်​ အတွက်​ စိတ်​ရှည်​ပြီးသား ။

အများအမြင်​ ကျ​တော်​ဟာ ​သဲငယ်​ ကို ရိုးရှင်းစွာ
ခင်​တွယ်​သည်​မဟုတ်​ဘဲ နားလည်​ရခက်​​သော
စိတ်​ခံစားချက်​နှင့်​ အတ္တနွယ်​သည်​ဟု လက်​ညိုးထိုးကြ
လိမ့်​မည်​ ။

သို့​သော်​ ကျ​တော့်​ စိတ်​ ကျ​တော့်​ ခံစားချက်​ကို
ကိုယ်​တိုင်​သာ နားလည်​သည်​ ။ သိသည်​ ။

မောင်​ဟာ သဲ ငယ်​ ကို ချစ်​​သော်​လည်း
စွဲလမ်းခြင်းပါမည်​မဟုတ်​ ။

မောင်​ ဟာ သဲ ငယ်​ ကို အပိုင်​လိုချင်​စိတ်​ ရှိ​သော်​လည်း
တဏှာကင်းသည်​ ။

ဤသည်​ကား  နှစ်​ရှည်​လများ ယုံကြည်​ခဲ့​သော
ကျ​တော့်​၏ စိတ်​ရင်းအမှန်​ ဖြစ်​​ပေ၏ ။

သို့​သော်​ငြား အခုတ​လော မကြာခဏ
ထိုစိတ်​ရင်းအမှန်​ကို သံသယဝင်​ချင်​ လာ သည်​ ။

" ​မောင်​ .. "

အရင်​တစ်​​ခေါက်​ ဆံပင်​ညှပ်​ခိုင်းကတည်းက
မောင်​ ဟု မ​ခေါ်​မသုံးဘဲ​​​နေရာမှ မကြားရတာကြာပြီ
ဖြစ်​​သော အို ဆယ်​ ဟွန်း ​လေး ၏ ​ဆောင့်​ကြီး​အောင့်​ကြီး
တစ်​ခွန်းတည်း​လေသံက​တောင်​ နား​ထောင်​​နေကြထက်
ပိုချိုသည်​ ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now