I am His Owner ..

4.1K 490 23
                                    

" သဲငယ်​ !! "

" ဟွန်း ငယ်​ !! "

" ငယ်​ ငယ်​ !! "

တစ်​ခွန်းနှင့်​ လှည့်​မကြည့်​​သော သဲ ငယ်​ အား
နှစ်​ ခွန်း ဆင့်​​ခေါ်သည်​ ။ သို့​သော်​ အဖက်​မလုပ်​​သောအခါ
သုံးကြိမ်​​မြောက်​ အ​ခေါ်အပြီး ဖြူ မွတ်​​နေ​သည့်​ ပါးပြင်
တစ်​ဖက်​အား နမ်းလိုက်​မိသည်​ ။

" ​ဘာလုပ်​တာလဲ .. ဂင်​ ဂျုံ အင်​ !! "

မျက်​​မှောင့်​ကုတ်​ကာ ထမထိုးရုံတမယ်​ ကျ​တော့်​အား
ခပ်​စိမ်းစိမ်းကြည့်​​လေသည်​မို့ စိတ်​ထဲမတင်​မကျ
ဖြစ်​သွား​သော်​လည်း မျက်​နှာချင်းဆိုင်​တည့်​တည့်​က
မိန်းက​လေး၏တအံ့တသြပုံစံ​ကိုမြင်​​နေရသဖြင့်
ကျေနပ်​အားရ​သည့်​စိတ်​က ပိုကြီးထွား​နေ၏ ။

" ​မောင်​ ​ခေါ် ​နေတုန်း အဖက်​လုပ်​သင့်​တယ်
သဲငယ်​ .. မဟုတ်​ရင်​ ဒီထက်​ပိုဆိုးမယ်​ "

အနည်းငယ်​စကားရင့်​သွားမှန်းသိလိုက်​​ပေမဲ့ ..
မတက်​နိုင်​ ။ အနှီးမိန်းက​လေးနှင့်​ သဲ ငယ်​ တို့၏
ကြည့်​နူးချင်​စရာအချစ်​ခန်းကို ဒီထက်​ပို မကြည့်​နိုင်​ ။

ကျ​တော်​ ဖုန်းဆက်​တုန်းက​တောင်​ တစ်​​ယောက်​တည်း
ထိုင်​​နေကြ ​ကော်​ဖီဆိုင်​မှရှိပါတယ်​လို့ ​ဖြေတဲ့သူက
ကျ​တော်​​ရောက်​သွားသည့်​အချိန်​ သူ့ရည်းစားနှင့်
အပြုံးပ​ဒေသာ ပလူး ​နေ​သောမြင်​ကွင်းမျိုး မြင်​လိုက်​ရသည့်
အတွက်​ ကျ​တော့်​စိတ်​ ဘယ်​လိုမှကြည်​လင်​မ​နေပါ ။

သူက​တော့ ​​အေး​အေး​ဆေး​ဆေးပင်​ မိတ်​ဆက်​​ပေး​ပေမဲ့
အဘယ့်​​ကြောင့်​ ကျ​တော်​က စိတ်​တို​နေရသနည်း ။

သူလည်းရည်းစားများသလို ကျ​တော်​ကိုယ်​တိုင်​လည်း
မ​ရေမတွက်​နိုင်​​အောင်​ထားခဲ့သည်​မို့ အခုလို
မိတ်​ဆက်​​ပေးသည့်​ကိစ္စမျိုးက ​ရေးကြီးခွင့်​ကျယ်​မဟုတ်
သော်​ငြား သဲ ငယ်​ ၏ အခုမိန်းက​လေးပုံစံက
သဲ ငယ်​ ဆိုးသမျှကို သည်းခံခွင့်​လွှတ်​​ပေးနိုင်​သည့်
အရိပ်​အ​ယောင်​မျိုး အထင်​အရှား​ပေါ်လွင်​​နေ​တော့
ဘယ်​လိုမှဘဝင်​မကျနိုင်​​ ။

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now