Are They Happy Ending ?? [U]

248 21 0
                                    

" ကျတော်နဲ့ တွေ့ချင်တယ်ဆိုတော့ ဘာကိစ္စများ
ရှိလို့ပါလဲ အန် တီ "

" မင်း နဲ့ ဆယ် ဟွန်း နဲ့ ကြိုက်နေကြပြီလား "

ထိုင်ပင်မထိုင်ရသေး ဆောက်နဲ့ထွင်းသလို တင်းမာနေ
သောမျက်နှာထားနှင့် အပြစ်တင်ဝေဖန်မည့် စကားအသြား
အလာကြောင့် ဆယ် ဟွန်း ထက်အရင် က်တော်က
ဤမဖြစ်မနေရင်ဆိုင်ရမည့်အခြေအနေအား အလုံးစုံ
ခေါင်းခံခြင်းဖြင့် သဲ ငယ် ကို ဝန်ပေါ့စေချင်ပါသည် ။

" ဟုတ် ကဲ့ ။ က်တော်တို့ ချစ်သူဖြစ်ပြီးပါပြီ "

" ငါ သဘောမတူနိုင်ဘူး ။ မင်းတို့အခုချက်ချင်းဖြတ် "

" ခဏနေပါဦး .. ။ အရင်ဆုံး အန် တီ့ သား ရဲ့
ဆုံးဖြတ်ချက်ကိုမေးပြီးပြီလား ။ ဒါမှမဟုတ် ဒီကိစ္စနဲ့
ပတ်သတ်ပြီး စကားပြောပြီးပြီလား .. ။ "

" သူ ဘယ်လိုဘဲ ဆုံးဖြတ်ထားထား ။ ငါကတော့
မင်းတို့ကိုမရ , ရအောင်ခြဲမွာ "

" က်တော့်မိဘတွေတောင် သူတို့သားကို မနိုင်လို့
ခွင့်ပြုပေးထားသေးတာဘဲ ။ အန် တီ လည်း
သဲငယ်ရဲ့ ဆုံးဖြတ်ချက်ကို အလေးထားသင့်တယ် "

အတက်နိုင်ဆုံး ချစ်ရသူ၏မိခင်ဆိုသောအတွေးကို
သွင်းထားပြီး မရိုင်းမိရအောင် ကလန်ကဆန်မလုပ်မိ
ရအောင် ထိန်းထားသော်ငြား အသားလွတ်ကြီး
မရ,မကခွဲမည်ဆိုတော့ ယောကျာ်းလေးချင်းဟူသော
ဖြစ်ရပ်မှန်ကို လက်ခံပေးထားသည့် က်တော်၏မိဘနှစ်ပါး
ကဘဲအလွန်အမင်း သဘောထားကြီးမားကြပုံပင် ။

" သားအမိဆက်ဆံရေးကို မင်းက ပျက်ဆီးစေချင်
တာလား "

" အန် တီ .. က်တော်တို့ကို ကြိုးစားခွင့်ပေးသင့်တယ်
ဒါမှမဟုတ် က်တော်မွာ လိုအပ်ချက်တွေ မရင့်ကျက်မှုတွေ
ရှိသေးရင်ပြောပါ ။
ပြင်သင့်ပြင်ပြီး ဖြည့်သင့်ဖြည့်ရအောင် "

သူတို့က ကွဲကြစမ်းဆိုတိုင်း ကြဲရအောင်
က်တော်တို့သည် မစဉ်းစားတက်သောကလေးအရွယ်
တွေလည်းမဟုတ်သလို အခုမြင်အခုကြိုက်ပြီး
ရူးနေကြသည်လည်းမဟုတ် ။

သဲငယ်ဘက်က က်တော့်အပေါ် နှစ်ချီပြီး
ချစ်ခဲ့ပြီး က်တော်သည်လည်း အနှီးယောကျာ်းသားအား
ရှိရှိသမျှအချစ်အကုန်လုံးကို ပုံအပ်ပြီး ချစ်ခြင်းတွင်
မြတ်နိုးခြင်းအဖုံဖုံ ထပ်ပေါင်းပြီး ချစ်မဝဖြစ်နေရသူပါ ။

You've reached the end of published parts.

⏰ Last updated: Aug 15, 2022 ⏰

Add this story to your Library to get notified about new parts!

မောင့်​ သဲ ငယ်​ .. [ Complete ]Where stories live. Discover now