02

1K 87 1
                                    


"အခြေအနေ ဘယ်လိုရှိလဲ Ram"



"Khun Vegas ကိုကြည့်ရတာ အဆင်ပြေနေပုံပါပဲ Khun ၊ Pete ဆိုတဲ့ Main Family က Bodyguard နဲ့ အခုလက်ရှိမှာ အတူတူနေနေပါတယ်"



"Vegas ကလား"



"ဟုတ်ပါတယ် Khun Aran ၊ အရင်လို ကောင်လေးတွေနဲ့လည်း ရှုပ်ပုံမရတော့ဘူး Pete ဆိုတဲ့ တစ်ယောက်ကို လည်း တော်တော်ချစ်ပုံရပါတယ်။"



"ကောင်းပြီ နောက်အပတ် ငါ့မွေးနေ့ပွဲ မတိုင်ခင် Vegas နဲ့ ဒီကြားထဲ တွေ့ချင်တယ် ငါ့ကိုရအောင်
စီစဥ်ပေး Ram"


"ဟုတ်ကဲ့ပါဗျ"



------

"ဘာကိစ္စရှိလို့ ငါ့ကိုခေါ်တာလဲ Kinn" အလုပ်မှာ ရှုပ်နေတုန်း Kinn ဆီကနေ ရုတ်တရက် ဖုန်းခေါ်လာတာကြောင့် စိတ်ရှုပ်ရှုပ်နဲ့ပဲ Vegas ဖြေလိုက်သည်။ ပြောရရင် ဒီကြားထဲမှာ Main Family နဲ့ အကြောင်းမရှိ အဆက်အသွယ်လည်းမလုပ်ပါ။ အထူးသဖြင့် Khun Korn ရဲ့ အရှုပ်အရှင်းတွေမှာ မပါချင်တာကြောင့် Vegas အများဆုံး တတ်နိုင်အောင်ရှောင်သည်။




တစ်ခါတစ်ရံ Tankhun ကြောင့်သာ အဆက်အဆံလုပ်နေရခြင်း ဖြစ်သည်။



"Vegas မင်းကို ခေါ်ချင်လွန်းလို့ မဟုတ်ဘူး ပါးက မနက်ဖြန် အစည်းအဝေးကိုလာစေချင်တယ် မင်းလာနိုင်မလား"


"ငါမလာနိုင်ဘူး Kinn မင်းဘာသာ စီစဥ်လိုက် အရင်လို"



"ဒီတစ်ခါ မင်းကိုတွေ့ပေးချင်တဲ့ ဧည့်သည်ရှိပုံပဲ လာခဲ့ဖို့မျှော်လင့်တယ် Vegas အနည်းဆုံး တစ်နှစ်တစ်ခါ အစည်းအဝေးတက်နေကြပဲမလား"




ပါးဆုံးပြီးတည်းက ဒုတိယမိသားစုရဲ့ ပ်ိုင်ဆိုင်မှူတွေကလည်း Porsche ဆီရောက်သွားတာမို့ အိမ်တော်မှာ Vegas တစ်ယောက် အလုပ်သမား တစ်ယောက်လိုပဲ မခြားနားလှဘူး။



သို့ပေမယ့် Khun Gun ချန်ခဲ့တဲ့ တရားမဝင် ကလပ်တွေနဲ့ တချို့သော လက်နက်ရောင်းချလို့ရတဲ့ Khun Gun ရဲ့ တစ်ဦးတည်းသော လုပ်ကွက်တွေကြောင့် Vegas သူ့မိသားစုကို စောင့်ရှောက်နိုင်ခြင်းဖြစ်သည်။



Vegas အတော်ကြာကြာစဥ်းစားလိုက်ပြီးကာမှ



"Pete ကိုမေးကြည့်လိုက်မယ် တိုင်ပင်ပြီးရင် ညကျ ဆက်သွယ်လိုက်မယ်"




My Savior (Completed)Where stories live. Discover now