06

589 54 5
                                    





Third Person Pov




"Vegas ငါလိုက်ခဲ့ရမလား..." ဒီနေ့ Khun Aran နှင့်တွေ့ဆုံရန် ချိန်းထားသော ဖြစ်သည်။ Vegas တစ်ယောက်တည်းသွားမည်ကို စိတ်မချသည်မို့ Pete လိုက်ရန် တဖွဖွပြောသော်လည်း Vegas လက်မခံချေ။



"မလိုက်ရပါဘူး ကိုယ်အဲ့ကောင်ကို ကြည့်ရတာ မဟုတ် ဘူး"



"ဒါပေမယ့် ငါမင်းကို စိတ်မချဘူး" Pete မျက်နှာပျက်နေသည်မို့ Vegas စိတ်ချစေရန် အတန်တန်မှာသော်လည်း Pete လက်မခံနိုင်ချေ။ စိတ်ပူနေသည်မို့ မျက်နှာလေးမှာ ပို၍ ပို၍ ပျက်လာလေသည်။



"ကိုယ် Nop ကိုခေါ်သွားမယ်။ ပြီးတော့ မင်းယုံကြည်ရတဲ့ Bodyguard တွေကိုလည်း ခေါ်သွားမှာမို့လို့ အရမ်းမတွေးနဲ့နော်။ အိမ်မှာ Venice လေးကို သေချာစောင့်ရှောက်ထား" ချစ်ရသူ စိတ်မပူစေဖို့ ရင်ခွင်ထဲ ထည့်လိုက်ပြီး နဖူးလေးကို ခပ်ဖွဖွနမ်းကာ အကြိမ်ကြိမ် မှာကြားလိုက်၏။

.

.

.

Vegas's Pov


"သွားကြမယ် Nop"



"ဟုတ်ကဲ့ပါ Khun Vegas" Pete ကိုငါ စိတ်မပူစေဖို့ မှာခဲ့ပြီး အလုပ်ကိစ္စအတွက် အစည်းအဝေးကို ထွက်လာခဲ့လိုက်တယ်။ Pete ဆီက စိတ်ပူနေတဲ့ အရိပ်အယောင်လေး လျော့သွားမှ ငါချိန်းထားတဲ့ နေရာကို အရောက်လာခဲ့လိုက်တယ်။ ဒီကိစ္စက ငါ့အတွက်နောက်ဆုံးပဲ။ ဒီကိစ္စပြီးရင် ငါ ဦးလေး Korn ဆီက ခွင့်တောင်းပြီး ဒီမိသားစုက ထွက်ဖို့စဥ်းစားထားပြီးသား။



Venice နဲ့ Pete ကိုရိုးရိုးသာမန် မိသားစုဘဝလေးကိုပေးဖို့ ငါအဆင်သင့်ဖြစ်နေပြီမို့လို့လေ။ ငါ ဒီလောကကြီးထဲက စွန့်ခွါချင်နေပြီ။ ပါးရဲ့ ခက်ထန်တဲ့အငွေ့အသက်တွေရနေဆဲ ဖြစ်တဲ့ ဒီအိမ်တော်ကြီးမှာ ငါဆက်ပြီးလည်း မနေချင်တော့ဘူး။ ကောင်းမွန်တဲ့ အသိဥာဏ်နဲ့ပဲ ငါသူ့ကို အမှတ်ရချင်တာမို့လို့လေ။



"Nop Aran အကြောင်းစုံစမ်းထားတာ ဘယ်လိုလဲ" ငါ Aran ကို မယုံကြည်နိုင်တာမို့ ငါ Nop ကိုကြားထဲက Pete မသိအောင်စုံစမ်းထားခိုင်းလိုက်တယ်။ ရုတ်တရက်ကြီး ပေါ်လာပြီး ရုတ်တရက်ကြီး အလုပ်အတူတူလုပ်ချင်တဲ့ သူ့ကိုငါ ဘယ်လိုနည်းနဲ့ ယူံကြည်လို့ရမလဲ။ သေချာပေါက် Uncle Korn ကတော့ သူ့ပိုက်ဆံအတွက်ပဲ စဥ်းစားလို့ ငါ့ကိုဒီအထဲ တွန်းပို့လိုက်တာ ငါသိတာပေါ့။ ဒါပေမယ့် ငါ့အတွက်တော့မတူဘူး။ Pete ၊ Pete နဲ့ ငါ့မိသားစုက ပထမဆုံး ဦးစားပေးမို့ ငါသူ့တို့ကို ထိခိုက်ခွင့်မပြုနိုင်ဘူး။



My Savior (Completed)Donde viven las historias. Descúbrelo ahora