03

899 74 6
                                    

Pete's Pov




Venice ကို Macau နဲ့အတူတူ အိမ်မှာထားခဲ့လိ​ုက်တာ အကောင်းဆုံးလို့ထင်တာမို့ ဒီလိုပဲ ငါဆုံးဖြတ်ချက်ချလိုက်တာ။ ပုံမှန်ဆို Venice ကို ငါနဲ့အတူနေရာတိုင်း ခေါ်သွားတတ်တာ။ အခုကတော့ Macau လည်း ကိုယ့်ကိုကိုယ် ကာကွယ်နိုင်နေပြီမို့ ငါသူ့အပေါ်ကိုလည်း ယုံကြည်မှုပေးတဲ့ အနေနဲ့ Venice နဲ့ လွှတ်ထားပေခဲ့တာ။




လူတွေက ကိုယ့်ကို အခြားသူက ယုံကြည်မှုပေးတဲ့အခါ လုပ်ကိုင်နိုင်စွမ်း ပိုမြင့်တက်လာကြတယ်မလား ။ အခု အန်တီ Ying လည်းရှိနေမှာမို့ ငါအရမ်းလည်းစိတ်ပူမနေဘူး။



ပြီးတော့ Vegas ၊ Vegas ကိုလည်း ငါဂရုစိုက်ရမယ်လေ။ ငါချစ်တဲ့သူတွေကို ငါကာကွယ်နေတာမို့ Vegas ကလည်း ငါ အချစ်ရဆုံးသူလေ ဒီနေ့တော့ သူနဲ့အတူလိုက်ခဲ့လိုက်တော့တာပဲ ။




ကားပေါ်က ဆင်းခါနီး စိတ်လှုပ်ရှားနေတဲ့ Vegas ကို ငါ သတိပေးတဲ့အနေနဲ့ သူ့လက်ကို အပေါ်ကနေ  ငါ့လက်နဲ့ အုပ်မိုး ဆုပ်ကိုင်လိုက်တယ် ။



"ဘာမှ မပူနဲ့ Vegas မင်းအနောက်မှာ ငါအမြဲတမ်းရှိတယ်"



ငါသူ့ကို တမင် ယုံကြည်ချက်တွေပေးတာ။ Khun Korn လိုလူမျိုးနဲ့ ဘယ်အချိန်တွေ့တွေ့ယုံကြည်ချက် မြင့်မားနေဖို့ လိုတယ်မလား။



ငါတို့ကားပေါ်က ဆင်းလာတော့ အိမ်ရဲ့ အဓိက ဝင်ပေါက်မှာ bodyguard တွေ အပြည့်စောင့်ကြိုနေကြတယ်။



ငါလည်းတုန့်ဆိုင်းမနေပဲ Vegas နဲ့ အတူ အိမ်ထဲကို ဝင်ရောက်လာခဲ့တယ်။



အမှန်တိုင်း ပြောရရင် Main Family က Bodyguards တွေက ငါ့အရင်သူငယ်ချင်းဟောင်းတွေပဲမို့ ငါ့ကို ဦးညွှတ်ပြီး ရိုရိုသေသေ ဆက်ဆံတာကို အနေခက်လှတယ်။



ဒါပေမယ့် အခုချိန်မှာ Vegas ရဲ့ လူ ၊ Theeranpanykul ရဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ လာတာကြောင့် ငါ့ကိုယ်ငါလည်း အရှိန်အဝါ တစ်ခုအနေနဲ့ ယူထားရတယ်။



အထူးသဖြင့် Vegas ကြောင့်ပဲလေ Vegas က ဒီမိသားစုဝင် ဖြစ်နေသေးပေမယ့်လည်း အကုန်လုံးဟာ Main Family က ချုပ်ကိုင်ထားဆဲပဲ။ အဲ့ဒါကြောင့် ငါတို့ဘက် က အားနဲတဲ့ ပုံစံကို ပြသလို့မဖြစ်ဘူးလေ။



My Savior (Completed)Where stories live. Discover now