10

604 52 4
                                    





Pete Pov




Ram...



Aran ဆိုတဲ့ သူက သူ့လူယုံ Ram ကိုပစ်လိုက်တာ ငါတကယ်ဘာတွေဖြစ်နေမှန်းမသိတော့တာ အမှန်ပဲ ။ Ram လောက်သူ့မှာ ယုံကြည်စရာသူမရှိတော့ဘူးလေ။ သူကတစ်ဦးတည်းသော သူ့ရဲ့လူယုံမဟုတ်လေဘူးလား။



"Ram မထင်ရဘူးနော် ဒီလိုလုပ်မယ်လို့"



"Khun Aran..." Ram ဆီက သေးငယ်တဲ့ အသံသဲ့သဲ့လေးပဲ ကြားရတော့တယ် ကြည့်ရတာတော့နာကျင်မှုကိုအတော်ခံသားနေရပုံပဲ။



"မင်းကတော့ မလုပ်သင့်ဘူး Ram။
အာလုံးထဲမှာ မင်းကတော့ဒီလိုမလုပ်သင့်ဘူး"
Aran ကသူ့ဒေါသတွေ အကုန်လုံးကို Ram ဆီပုံချပြီး မြေကြီးပေါ်မှာ ပုံလျက်သားလေးကျနေတဲ့ Ram ကိုခြေနဲ့ကန်ကျောက်နေခဲ့တာ။ အောက်ကတစ်ယောက်ကတော့ ဖြူဖျော့နေပြီ ဆိုတာ ငါအတပ်ပြောရဲလေတယ်။





"တောင်းပန်ပါတယ် Khun..."




"မင်းတို့ သိလား ဒီကောင်ကလေ သောက်ရမ်း ဦးနှောက်ကောင်းတယ်ဆိုတာ ငါသူ့ထက်တစ်ပန်းသာသွားခဲ့လို့ မင်းတို့ကို ဖမ်းမိလိုက်တယ်ဆိုပေမဲ့။ မင်းတို့ရဲ့ အိမ်က ညီ​လေးနဲ့ ကလေးလေး ကိုတော့ လွတ်သွားတယ်လေ။ ဒါပေမယ့် Pete ဆိုတဲ့ အကောင်ကိုတော့ ခေါ်လာနိုင်သေးတာမို့လို့ တော်သေးတယ်" သူက ငါတိူ့ကို ကြည့်ပြီး ကျေနပ်အားရတဲ့အပြုံးတွေနဲ့ ပြောနေလေတာ။ အထင်သေးနေတဲ့ သူ့မျက်ဝန်းတွေကို ငါဖောက်ထုတ်လိုက်ချင်လို့ ရူးမတတ်ပဲ။



"Ram..." သူက အသံခပ်အေးအေးနဲ့ သူ့အောက်က သူရဲ့ နာမည်ကို ခေါ်လေတယ်။




ငါပြောချင်တာက သူတို့သောက်ကိစ္စတွေ ရှင်းနေမယ်ဆို ငါတို့ကိုဘာလို့ဖမ်းထားတာလဲဆိုတာပဲ။
သတ္တိရှိရှိနဲ့ ပစ်ချင်လည်း ပစ်သတ်လိုက် ။ အခုဟာက သူတိူ့သောက်ကိစ္စတွေကို ကြိုးတုပ်ခံရပြီးနားထောင်နေရတယ်လေ။
(Pete Being Pete <33)




"ဘယ်လိုသိသွားတာလဲ Khun" သူက အသံဖျော့ဖျော့လေးနဲ့ Aran ကိုမေးရင်း ငါ့ကို တစ်ချက်လှမ်းကြည့်လာလေတယ်။ ပြီးတော့ နားမလည်နိုင်တဲ့အပြုံးတစ်ခုလည်းပေးလာလေတယ်။




My Savior (Completed)Where stories live. Discover now