Ram Pov (ZG)

150 4 0
                                    





ကျွန်တော်သူ့ကို အဲ့ဒီနေ့က စတွေ့ခဲ့တာ...။ ကျွန်တော့်ရင်ထဲ လိပ်ပြာတွေလဲ ဝဲတက်လို့ပေါ့...။



အသားဖြူဖြူ အရပ်ရှည်ရှည် ညှို့ယူနိုင်စွမ်းရှိတဲ့ မျက်ဝန်းတွေရယ် နှာတံ ချွန်ချွန်လေးရယ်။ ချစ်စရာကောင်းတဲ့ ပါးမို့မို့လေးထက်မှာ ပါးချိုင့်လေးနှစ်ခုပါနေပြီး အသည်းပုံ ပုံစံ အသေးလေး ရှိတဲ့ သူ့အပေါ်နှုတ်ခမ်း။ ရိုးရိုးသာမန် ရှပ်ကလေးကိုမှ ဘောင်းဘီတိုလေး ဝတ်ထားတဲ့သူက လက်ပေါ်ကအကြောစိမ်းစိမ်းလေးကိုလည်း မြင်တွေ့နေရတယ်...။



သူ့ထက်ပြီးပြည့်စုံတဲ့ သူရော ရှိနိုင်ပါဦးမလား...။



Flashback ~~



"စတော်ဘယ်ရီ မစ်ရှိုတ် တစ်ခွက်ပေးပါ"ကျွန်တော်ထိုင်နေရာက​နေ ကောင်တာဆီကို သွားတော့ "စတော်ဘယ်ရီ မစ်ရှိတ်ပေးပါ" ဆိုတဲ့ သူ့အသံလေး...။



ကျွန်တော်ရဲ့စိတ် အလုံးစုံကတော့ သူ့ဆီရောက်သွားခဲ့ပြီဆိုတာ ကျွန်တော်သိလိုက်တယ်။




"ice americano တစ်ခွက်ပါဗျ" ကျွန်တော် က အစတည်းက မှာပြီးသွားတာမို့ စားပွဲမှာတောင် ဝင်ထိုင်နေခဲ့ပြီးပြီ။ ဒါပေမယ့် သူဝင်လာတာတွေ့တော့ ကျွန်တော်ကောင်တာကို တမင်အပြေးသွားလိုက်တာ။ သောက်လက်စ ကော်ဖီတစ်ခွက်ကိုတော့ မြန်မြန်ကုန်အောင်အတင်းကာရော သောက်ရတာပေါ့။




ကျွန်တော်ကတော့ သူ့ဘေးမှာ ရပ်နေပြီး သူကတော့ ဖုန်းလေးကိုင်ပြီး ဟိုကြည့် ဒီကြည့်လုပ်နေလေတယ်။ ကျွန်တော် တစ်လျောက်လုံး ဘေးမှာသူ့ကိုကြည့်မိနေတာတောင် သူကသတိမမူမိလေဘူးလေ။


ကြည့်နေရင်းနဲ့ နှုတ်ခမ်းလေးစူတဲ့ အမူအရာက အစလုပ်နေသေးတယ်။ ကျွန်တော်တကယ့်ကို Love At First Sight ဖြစ်နေပြီ။



သူ့ရဲ့လက်ထဲမှာတော့ ကိတ်မုန့်အသေးလေးတစ်လုံးကို ကိုင်ထားလေပြီး ၊ ဘေးမှာတော့ သူဝယ်ထားတဲ့ CupCake လေးကို ချထားတယ်။ လူကချစ်စရာကောင်းတာနဲ့ ပီပီ ဝယ်ထားသမျှ အရာတွေက အကုန်လုံးချစ်စရာလေးတွေ ဖြစ်နေလေတယ်။



My Savior (Completed)Where stories live. Discover now