07

551 57 4
                                    




Pete Pov


"လာပါဦး လွမ်းနေတာ" Vegas က ပြန်ရောက်တာနဲ့ သူ့အိတ်ကို ဆိုဖာပေါ်မှာချ ကာ ပြီးတာနဲ့ ငါ့ကိုတန်းပြီး ဖက်လေတော့တာ။ ၅နှစ်အတွင်း ဖြစ်နေကျအရာပဲလေ။ သူအလုပ်ကပြန်လာလို့ လွမ်းနေလို့ ဖက်ပါရစေဦး လို့ပြောတုန်း ဆယ်ကျော်သက်လေးလို ငါက ရင်ခုန်တုန်းပဲလေ။



ပြောရရင် ငါတို့နှစ်ယောက်လုံး ကလေးအဖေတွေ ဖြစ်နေတာ ၅ နှစ်ရှိနေပြီ။ ဒါပေမယ့်လည်း ငါတို့ အခုထိ ဆယ်ကျော်သက်လေးတွေလို ချစ်နေကြတုန်းပဲ။


Vegas ရဲ့ပိုပြီး နီးကပ်ရလာလေ ငါသူ့ကို ချစ်ခွင့်ရတာအရမ်းကံကောင်းသလို အချစ်ခံရတာလည်း ကံကောင်းတယ်လို့ တွေးမိတယ်။ ငါသာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကညသူ့ကိုမရွေးချယ်ခဲ့ရင် ဘယ်လောက်ထိ ငါအထီးကျန်နေခဲ့မလဲ။ သူရော ပဲအထီးကျန်နေလောက်မလား။


"ဘာတွေ တွေးနေတာလဲ။ ကိုယ်မင်းကိုပြောထားတယ်လေ တစ်ယောက်တည်း အမြဲတမ်း ​အတွေးနယ်ချဲ့မနေပါနဲ့ဆို" သူကတင်းကျပ်စွာဖက်ထားပြီးတဲ့နောက်မှာ ရင်ခွင်ထဲက ငါ့ကို ငုံ့မိုးကြည့်ရင်း စကားတွေ ပြောနေတာ။


"မင်းအပူလား" ငါသူ့ကို ဆိုးလို့ရမှန်းသိလို့ ဆိုးချင်သလို ဆိုးနေတာ။ သူက ငါဒီလိုလုပ်ရင် တစ်ခါမှ စိတ်ကွက်တယ်ဆိုတာ မရှိပဲ တခစ်ခစ်ရယ်နေရော။ ပြောရရင်သူက အရင်ကသူ့လုပ်ရပ်ကြောင့် သူ့စိတ်ထဲမှာ အပြစ်တင်စိတ်တွေအမြဲရှိနေပုံပဲ။

ငါကတော့ အကုန်ကြေအေးပြီး သူ့ကိုချစ်ခဲ့ပေမဲ့ တစ်ခါတစ်လေဆို သူကတော့ ညဘက်တွေ အိမ်မက်ထဲထိ အိမ်မက်ဆိုးအဖြစ်တည်ရှိနေတုန်း။


တစ်ခါ ညဘက်ကြီးအိပ်နေတုန်း မိုးတွေလည်းအရမ်းသည်းတဲ့ညက သူ့အိမ်မက်ဆိုးကြောင့် ထယောင်ဖူးသေးတယ်။ သူ အိမ်မက်ကြောင့် ယောင်ကာ  ပြောတဲ့ စကားတွေက ငါ့နာမည်ကိုခေါ်​ပြီး အကြိမ်ကြိမ် တောင်းပန်တာရယ်၊ သူ့ကို ထားမသွားဖိူ့ရယ်ပဲ အကြိမ်ကြိမ် ပြောနေခဲ့တာ။

ငါသူ့ကို ဘယ်လို ထားခဲ့ရက်နိုင်မှာလဲ။ ငါ့ကိုယ်ငါထက် သူ့ကို ပိုချစ်နေတာသိတဲ့အချိန်ထဲ ကစပြီး သူ့ကိုရွေးချယ်ခဲ့တာလေ။ သူကအမြဲတမ်း ငါ့ရဲ့ နံပါတ် ၁ ဦးစားပေးဖြစ်နေခဲ့တာ။


My Savior (Completed)Where stories live. Discover now