Pete
"မရဘူးကွာ"
"Vegas မင်းဂျစ်တိုက်နေရအောင် ကလေးလား"
"ကိုယ် ဂျစ်တိုက်နေတာမဟုတ်ဘူး Pete
မင်းအဲ့လို ဝတ်သွားတယ်ပဲ ထားဦး မင်းကိုအကုန်ဝိုင်းကြည့်ကုန်မှာ ကိုယ်မကြိုက်ဘူး ကိုယ် ဒေါသထွက်တာကို မြင်ချင်နေတာလား""Vegas စိတ်အေးအေးလေးထား အခုငါတို့သွားမှာ ရိုးရိုးနေရာ မဟုတ်ဘူး Khun Aran ရဲ့မွေးနေ့ပွဲ လူကြီးတွေလည်း လာမှာ အဲ့ဒီအတွက် ကောင်းကောင်းမွန်မွန် ဝတ်စားသွားဖို့ လိုတယ်လေ"
ကုတင်ပေါ်မှာ ထိုင်ပြီး ငါ့ကို coat အကျီကို အမျိုးမျိုးပြောင်းဝတ်ခိုင်းနေတဲ့ Vegas ကို ငါချော့မော့ပြောနေရတယ်။ ကလေးအဖေဖြစ်နေတာတောင် ငါနဲ့ဆိုရင် အခုထိ ဆိုးတုန်း။ တစ်ခါတစ်လေ Evil Vegas ဆိုတာ ဘယ်ရောက်နေလဲဆိုပြီးကို ရှာယူရမယ်။
"ကိုယ်စိတ်မချဘူးကွာ" သူကငါ့ကို ခါးနောက်ကနေ ငါ့ကိုဖက်တွယ်လာတယ်။ ငါက မှန်ရှေ့မှာရပ်နေတာမို့ သူ့မျက်နှာစူပုပ်နေတာကို အထင်းသားကို မြင်နေရတာ။
ဒီကောင် ဘယ်လိုကောင်မျိုးလဲ တကယ်နားမလည်နိုင်တော့ဘူး။
"Vegas ငါ့ကိုကြည့်" ငါသူနဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်ပြီး သူ့ပါးနှစ်ဖက်ကို ငါ့လက်လေးနှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တယ်။
"ငါ့ကို မယုံဘူးလား"
"ငါမင်းကို အမြဲယုံပြီးသား ငါမယုံတာ သူတို့ကို မင်းကဒီလိုပုံနဲ့ ထွက်သွားရင် အရမ်းကြည့်ကောင်းနေတော့မှာလေ"
"ငါကလေးတစ်ယောက် အဖေနော် Vegas ဘာတွေစိတ်ပူနေတာလဲ" သူ့ပါးပေါ်တင်ထားတဲ့ လက်တွေကို အခုငါသူ့ပုခုံးပေါ်အသာလေးရွေ့တင်လိုက်တော့ သူ့လက်တွေက ငါ့ခါးလေးကို သာသာလေး ထိကိုင်လာတယ်။
"အခုချက်ချင်း အဝတ်သွားလဲတော့ မဟုတ်ရင် နောက်ကျတော့မယ်"
"အဲ့တာဆို ကိုယ့်ကို ကတိပေး"
"ဘာကတိလဲ"
![](https://img.wattpad.com/cover/319707065-288-k6356.jpg)
YOU ARE READING
My Savior (Completed)
Fanfictionကျွန်တော့်ဘဝမှာ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ မိသားစုမျိုး ရှိလာမယ် မထင်ခဲ့ဘူး အရာအားလုံးကို Pete ကပဲ ဖန်တီးပေးခဲ့တာ။ ကျွန်တော့်ဘဝရဲ့ ကယ်တင်ရှင်လေးပေါ့။