01 (ZG)

234 7 1
                                    




"Vegas" မနက်စောစော အခန်း တံခါးကို ဒုန်းခနဲဖွင့်ကာ Pete ရဲ့ နေ့စဉ် ဆူဆဲသံတွေပါပဲ။ အမှန်အတိုင်း ပြောရရင် Pete နဲ့အတူရှိတဲ့ ငါးနှစ်လုံး Vegas တစ်ယောက် နေ့စဉ်နေ့တိုင်း မရိုးရပါ။




Pete က ချစ်စရာကောင်းတာမှန်ပေမယ့် တစ်ခါတစ်လေ ထူးဆန်းလွန်း တယ်ဆိုတာလည်းအဟုတ်ပဲ။
Pete မှာတစ်ခါတစ်လေ P'ThanKhun ရဲ့ အကျင့်တွေပဲ ကူးလာသလား Vegas ထင်မြင်မိသည်။



ဥပမာ ကောက်စရာမရှိ ကြံဖန်ကောက်နေတာမျိုးလည်းရှိတတ်သေးသည်။ အရင်တစ်ခါ ထမင်းစားပွဲမှာ သူကြိုက်တဲ့ တောင်ပိုင်းဟင်းမဝယ်လာမိလို့ ၃ရက်လောက် စကားမပြောတာမျိုး။ ညဘက် ရုပ်ရှင် အတူကြည့်မယ်ပြောပြီး Vegas အရင်အိပ်သွားမိလို့ သူ့ကို မချစ်ပါဘူးဆိုပြီး ကောက်တာမျိုးပေါ့။



P'Tankhun က Pete နဲ့ ဘာကြောင့် အဆင်ပြေနေလဲဆိုတာကို ပိုပိုပြီး နားလည်လာတယ်။



ဒါပေမယ့်လည်း ဒီ 5နှစ် အတွင်း Pete က အိမ်ရဲ့ ဆည်းလည်းလေး ဆိုလည်းမမှားဘူးလေ။ Pete အိမ်မှာ မရှိတဲ့နေ့ဆိုရင် တစ်အိမ်လုံးက တိတ်ဆိတ်နေတာမျိုး။ Macau က အစ Pete မရှိရင် တတွတ်တွတ်နဲ့မေးတာမျိုးပေါ့။

Vegas's Pov


"Vegas မင်းအခုချက်ချင်း မထလာရင် မင်းနဲ့ငါကွဲမယ်" ငါအခုချက်ချင်းပဲ စောင်ထဲ ထွက်ပြီး ကုတင်ပေါ်မှာ ထထိုင်လိုက်တယ်။


တစ်ခါက သူက ဒီလိုပြောပြီး ငါမထတော့ ငါ့ကို ထားပြီး နှစ်ပတ်တိတိ Main Family က အိမ်မှာသွားနေဖူးတယ်လေ။ အဲ့ကတည်းက သူက သူ့ရဲ့ ကွဲမယ်ဆိုတဲ့ လျှို့ဝှက်လက်နက်ကို သုံးတော့တာပဲ ။ သူတမင် ငါချစ်မှန်းသိလို့ ကောက်ပြီးပြောတာပေမဲ့ ငါကလည်း အဲ့အပေါ်မှာ မွေ့ပျော်နေတာလေ။


"Pete ကိုယ်မသွားလို့မရဘူးလား ဘယ်လိုပဲ ဖြစ်ဖြစ် Macau နဲ့ လမ်းသင့်တာပဲလေ Macau University သွားရင်း လိုက်ပို့လို့ရတာပဲကို"


"မင်းက အဖေလေ Macau ကအဖေလား ပြီးတော့ အခုချိန်မှာ Macau ကလွတ်လွတ်လပ်လပ်နေရမှာ မင်းခုချက်ချင်းထ ၈နာရီ အတိ ထမင်းစားပွဲမှာမြင်ချင်တယ်" Pete စိတ်ဆိုးပြီး အမိန့်ပေးနေပြီ မို့ ငါထကိုထရမယ့်အချိန်ဆိုတာ သိလိုက်ပြီ။



My Savior (Completed)Where stories live. Discover now