(၅) Unicode

33 8 0
                                    

     ကိုကြည်မှာ ပိုင့်ကို မတွေ့တာကြာသဖြင့် တွေ့ချင်လွန်းမှန်းသိသာအောင် ညနေစောစောကတည်းက အမောတကော ရောက်ချလာပါသည်။ ပိုင်တောင် ရေမချိုးရသေး။ သို့ဖြင့် နှစ်ယောက်သား ရေအတူတူချိုးလိုက်ကြသည်။

ကိုကြည်က ရေချိုးခန်းထဲ ကျန်နေရစ်ချိန်တွင် ပိုင်မှာ အခန်းတွင်း သန့်ရှင်းမွေးကြိုင်အောင် တစ်ခါတည်းပြင်ဆင်ထားလိုက်၏။ ကိုကြည်ရောက်သောအချိန်မှာ စောလှ၍ ဆိုင်တောင် သေချာမပြင်ဆင်ရသေး။ Customer တွေဆိုတာကလည်း ညကျမှ တဖွဲဖွဲ အုံကျလာတတ်တာဆိုတော့ ညဦးပိုင်း၌ တိတ်ဆိတ်ပျင်းရိလျက်ရှိတုန်းပင်။

ဟော ... တဘက်လျှားလျက်ကလေးမှ Bathrobe အသစ်တစ်ထည်ကို ကောက်စွပ်နေသော ကိုကြည့်ကို ပိုင် စိမ့်၍ ကြည့်နေမိ၏။ ကိုကြည်မှာ ပိုင့်မျက်စိအရှေ့ဖြစ်လည်း မရှက်။ သူနှင့်ကိုယ် တွေ့ဆုံခဲ့ကြတာကြာပြီဆိုတော့ ရှက်ကြောတွေ ပျော့ပျယ်ကုန်ကြပြီ ထင်ရဲ့။

ကိုကြည်မှာ ပိုင်နဲ့ စတွေ့တုန်းကများ ရှက်ကိုးရှက်ကန်းနှင့်။ Customer မပြတ်သော ပိုင်နှင့် တွေ့ရဖို့ကို လပတ်နှင့်ချီ၍ ဘိုကင်ယူခဲ့ရသည် ပြော၏။ တွေ့ပြန်တော့လည်း မျက်လုံး၊ မျက်နှာ၊ အမူအယာ ဟန်ပန်တွေ က ရှက်မပျက်။ မသိရင် ဒါမျိုး အနှိပ်မခံဖူးတဲ့ လူရိုးတစ်ယောက်လိုပင်။ ကိုကြည်လည်း ပိုင်ကလွဲ တခြားဘယ်တွေမှာ ဘယ်သူတွေနဲ့ အနှိပ်ခံဖူးသလဲတော့ တစ်ခါမှ မမေးခဲ့။ မေးမသင့်ဘူး ထင်သ၍လေ။ အခုလည်း ၂လတိတိ ခွဲကြချိန်အတွင်း ကိုကြည်တစ်ယောက် ခြေလက်ညောင်းရင်ဖြစ်ဖြစ်၊ ဆန္ဒတောင်းတလာရင်ဖြစ်ဖြစ် မည်သို့ ဖြေဖျောက်သလဲတော့ ပိုင် သိချင်ပါသည်။ သို့သော် ပိုင် မမေးချင်ပါ။ ပိုင်မှတ်မိတာကတော့ ကိုကြည်နဲ့ စတွေ့တဲ့နေ့က ကိုကြည်မှာ မျက်လုံးချင်း မဆိုင်ရဲဘဲနှင့် ...

"ပိုင် လို့ ခေါ်သလား။ မြန်မာ စကားပြောတတ်တယ် ကြားလို့။ ပိုင်က ဗမာလားဟင်" ဆိုပြီး တုံးတိကြီး နှုတ်ဆတ်တာလေ။ ပိုင်ကသာ ခပ်ကျဲကျဲရယ်၍ ကိုကြည် မရှက်ရွံ့ပဲ ရဲတင်းအောင် အားမြှောက်ပေးခဲ့ရသည်။

"ဟုတ်တယ်။ ပိုင် မြန်မာစကားပြောတတ်တယ်။ ဗမာလို့တော့ ကိုယ့်ကိုကိုယ် မသတ်မှတ်ချင်ပါဘူး။ ပိုင်က ဘယ်အရာမဆို မသတ်မှတ်ချင်ဘူး ..."

ပုံပြောသူWhere stories live. Discover now