The End

22 3 1
                                    

တဲအိမ်ကလေးမှာ မတ်တပ်ဆန့်ရပ်လို့မှ ခေါင်းမလွတ်ချင်။

ခုနလေးတင် တက်တူးထိုးခဲ့သော ကောင်လေးမှာ ယခုမှ နာကျင်ကိုက်ခဲမှုတွေ တဆစ်ဆစ်ထလာသလို မဲ့ရွဲ့ တုန်ရီလျက် ဖျာတစ်ချပ်ပေါ် အဝတ်မဲ့စွာ လှဲအိပ်နေသည်။ အောက်ခံဘောင်းဘီ တစ်ထည်တည်းဖြင့် သူ့အရှက်ကို ဖုံးထားပါ၏။ စောင်လည်း မခြုံထား။ လတ်လတ်ဆတ်ဆတ်တက်တူးများကတော့ သူ့ ခန္ဓာကိုယ်ပေါ်တွင် ကြည့်ရသနားအောင် ထင်းလို့။

"ပိုင်လား ..."

"ဟုတ် .. ဟုတ်ပါတယ်။ ပိုင်ကလျာနုသျှင်ပါ။ ကြိုက်သလို ခေါ်ပါအကို ... တဆင့် စကားနဲ့ မိတ်ဆတ်ပြီး လာတာလား ဟုတ်လား။ အော် အကိုရယ် ... အိမ်မှာက ယိုင်နဲ့ကျဉ်းကျပ်တာနဲ့ အားနာလိုက်တာ။ ကြိုချိန်းရင် အကို့အိမ် လာခဲ့မှာပေါ့။ တည်းခိုခန်းတစ်ခုခုမှာ ချိန်းလဲရတာပဲ။ ပြီးတော့ ဒီနေ့က ကျွန်တော် တက်တူးထိုးထားတော့ တစ်ကိုယ်လုံး နာကျဉ်ကိုက်ခဲနေတယ်။ ဆေးတော့ သောက်ထားပြီးပါပြီ။ နာရီဝက်လောက် စောင့်လိုက်ရင်တော့ အကိုတော့်ကို ပြုစုပေးနိုင်မှာပါ။ ခဏတော့ စောင့်ပေးနော်။ ကော်ဖီ၊ လက်ဖက်ရည် သုံးဆောင်ပါအုန်း ... မှာပေးပါ့မယ် ..."

"ရပါတယ် ပိုင်။ နားနားနေနေ လှဲပါ။ အကို ခဏပဲ လာတာပါ။ ပိုင်နဲ့ စကားနည်းနည်း ပြောပြီးရင် ပြန်မှာပါ"

"အော် ... အကိုတော်ရယ်။ ပိုက်ဆံများ ခါးပိုက်နှိုက်ခံလိုက်ရသလား။ အားမနာပါနဲ့။ နောက်တစ်ခါမှ ပေါင်းပေးပေါ့ ..."

"မဟုတ် ... ဟုတ်။ အကိုလည်း အချိန်သိပ်မရလို့ပါ။ မိုးချုပ်တော့ ပြန်ရဝေးတာနဲ့။ နောက်မှ တစ်ခါ ထပ်လာခဲ့ပါ့မယ်။ အခုတော့ စကားနည်းနည်း ပြောချင်လို့ ..."

"အော် ... အကို အဆင်မပြေဘူးဆိုလည်း ပြီးရောလေ။ ပြန်ပါ ..... ပိုက်ဆံ မတတ်နိုင်တာများ အလကား လာညှိချင်သေးတာနေမယ်။ ရုပ်ကလည်း ဝက်တစ်ကောင်လုံး အတူးကင် ထားသလိုပဲ ..."

ပိုင်မှာ အစက ယဉ်ကျေးသလောက်၊ စကားပြောဖို့ပဲဆိုပြီး ကျွန်တော့်ဘက်က ပြောလိုက်တော့မှ ဗျစ်တောက်ဗျစ်တောက်နဲ့ မကျေနပ်တဲ့ စကားတွေ ပြောတော့သည်။ တစ်ကိုယ်တည်းပြောသလိုလိုနဲ့ ကျွန်တော်ပါ ကြားလောက်တဲ့ လေသံနဲ့ပြောတာလေ။

ပုံပြောသူWhere stories live. Discover now