Chapter - 1 (Zawgyi)

138 2 0
                                    

အရာအားလုံးပြောင်းလဲသွားပြီ
_________

ခမ်းနားလှပသည့် အပြင်အဆင်တွေနဲ့ စာကြည့်ခန်းထဲရှိ လေထုထဲမှာ alpha pheromoneနှစ်ခုရဲ့အငွေ့အသက်တွေဟာ မွန်းကျပ်စရာကောင်းလို့နေသည်။ ထိုင်ခုံပေါ်တွင် ငါးဆယ်ကျော်အရွယ် လူတစ်ယောက်ထိုင်နေပြီး ဒူးထောက်နေသည့်သားဖြစ်သူကို ကြည့်နေတဲ့ မျက်နှာအမူအရာက အလွန်ကို ဒေါသထွက်နေသည့်ပုံပင်။ သားဖြစ်သူက ဘာအပြစ်တွေများ လုပ်ထားလို့လဲ မသိဘူး။

အေးစက်နေတဲ့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ သားဖြစ်သူဆီကနေ စကားသံထွက်လာခဲ့သည်။

'' အဖေ......သူ့ကို စွန့်ပစ်ပေးပါ... ကျွန်တော့်မျက်စိအောက်ကနေ ပျောက်သွားအောင်...နောက်တစ်ခါ ထပ်ပြီး မမြင်ရတော့အောင် သူ့ကို လက်လွှတ်ပေးလိုက်ပါ ''

'' ဟန်လင်းထက်! မင်း.....''

'' ကျွန်တော် သူ့ကို ရအောင် ကွာရှင်းမှာ.. အဖေ
ကျေးဇူးပြုပြီး သူ့ကို စွန့်လွှတ်လိုက်ပါ ''

'' သားနွကေ မင်းကို လုံးဝ ကွာရှင်းခွင့်ပေးမှာ မဟုတ်ဘူး...မင်းအရူးထတာတွေရပ်တော့...ပြီးတော့ ငါက ဟိုကောင်စုတ်လေးအတွက်နဲ့ သားနွကေို မစွန့်ပစ်နိုင်ဘူး ''

'' ရှင်းခန့်က အဖေ ထင်နေသလိုမဟုတ်ဘူး ''

'' ဘာမဟုတ်တာလဲ.. မင်းက အိမ်ထောင်သည်မှန်းသိနေတာတောင် မင်းနားမှာ ကပ်နေတာ အဲ့လိုလူမျိုးကို ငါက ဘယ်လိုတွေ မြင့်မြတ်နေပါတယ်ဆိုပြီး တွေးပေးရမှာလဲ.. မင်း သားနွအေပေါ်အပြစ်တင်နေတယ်ဆိုတာ အဖေသိတယ်... မင်း သားနွကေို ဘယ်လောက်ထိ အရူးအမူးချစ်ခဲ့လဲဆိုတာ မင်းကိုယ်မင်းအသိဆုံးပါ...မင်း နောင်တရမယ့်လုပ်ရပ်ကို လုပ်ဖို့မကြိုးစားစမ်းပါနဲ့ ''

'' အဖေ..ဘာလို့ လူတိုင်းက ကျွန်တော်နောင်တရမယ်လို့ပဲ ထင်နေကြရတာလဲ....ကျွန်တော် တကယ်သူ့ကို သည်းမခံနိုင်တော့ဘူး.... ကျွန်တော် ဒီဘဝမှာ နောင်တရမိတဲ့ တစ်ခုတည်းသော အရာက သူ့လို ရက်စက်ပြီး အသည်းနှလုံးမရှိတဲ့ လူ၊ ကျွန်တော်ချစ်ခဲ့သလောက် ပြန်မချစ်ပေးနိုင်တဲ့ လူကို ချစ်မိပြီး နှလုံးသားတစ်ခုလုံး ပုံအပ်ခဲ့တာပဲ...ရှင်းခန့်က မတူဘူး အဖေ...ကျွန်တော် အခုမှ လူမှန်ကို ရှာတွေ့သွားတာ ''

If  There Is Eternity Where stories live. Discover now