Chapter - 9 (Zawgyi)

30 2 0
                                    

စ်စုံ ..တစ်ယောက်
______________________

သန်းခေါင်ယံဆိုသော အချိန်အခါသမယမှာ ကြီးစိုးအုပ်ချုပ်သူဟာ တိတ်ဆိတ်မှုပင်။

ပန်းရောင်သန်းနေသော မီးရောင်ဖျဖျရဲ့ အောက်မှာ ဟန်လင်းထက်တစ်ယောက် ကုတင်ပေါ်မှာ ခေါင်းရင်းကိုမှီပြီး ငုတ်တုတ်ထိုင်နေမိသည်။ ဘေးတွင် အိပ်ပျော်နေတဲ့ ရှင်းခန့်နောင်ရဲ့ မျက်နှာကို ကြည့်ကာ အတွေးများနေရသည်။

အခု သူကိုယ်သူတောင် သေချာနားမလည်တော့ဘူး။

အခုချိန်မှာ သူ့ကို နွရေိပ်ခေတ်ကို ချစ်သေးလားလို့ မေးလာခဲ့ရင် သေချာပေါက် ချစ်တယ်လို့ပဲ ပြန်ဖြေမှာ။ နွရေိပ့်အပေါ် အားမလိုအားမရမှုတွေ၊ မကျေနပ်မိတာတွေ၊ စိတ်ပျက်မိတာတွေ ရှိတယ်ဆိုပေမဲ့ ချစ်ခြင်းတွေက အခုထိ ကျန်ရှိနေတုန်းပဲဆိုတာ သူသိသည်။ ဒါပေမဲ့ တူတူရှိနေချိန်တွေမှာ နွရေိပ်က သူ့ကို လုံးဝ စိတ်မွန်းကြပ်စေတယ်။ နွရေိပ်ခေတ်ဆိုတဲ့ လူသားက နာမည်မှာပါတဲ့ ' နွေ ' ဆိုတဲ့ စကားလုံးအတိုင်း သူ့ကို ပူလောင်စေတယ်။ ခံစားချက်တွေက သူနဲ့ဆို ထိန်းမနိုင်သိမ်းမရဖြစ်ရတဲ့အထိ နွရေိပ်က သူ့အပေါ် အဲ့လောက်ထိ အရမ်းလွှမ်းမိုးနိုင်သည်လေ။

တစ်ချိန်တည်းမှာပဲ ရှင်းခန့်ကို ချစ်တယ်လို့တော့ မခံစားရပေမဲ့ တူတူရှိနေရတာကို သဘောကျသည်။ တူတူရှိနေတိုင်း ပျော်ရွှင်ရသည်။ ရှင်းခန့်က အေးချမ်းပြီး သူ့ကို စိတ်ချမ်းမြေ့စေ၏။ အဲ့တော့ အတူတူရှိနေချိန်တိုင်း သက်တောင့်သက်သာရှိတယ်။ ရှင်းခန့်ရဲ့ အချစ်တွေကို ခံယူ၍ အချစ်ခံရတာ ဘယ်လိုခံစားချက်လဲဆိုတာလဲ သိရှိလာရပြီး ထိုအချစ်ခံရတဲ့ ခံစားချက်အပေါ် ယစ်မူးနှစ်ခြိုက်နေမိသည်။ ကြာလာလေ သူ တဖြေးဖြေးနဲ့ ဒီဆက်ဆံရေးထဲမှာ ပျော်မွေ့လာတယ်။

သူ ခေါင်းမော့လိုက်သည်။ မျက်နှာကြက်အား ရှုပ်ထွေးနေသည့် အမူအရာနှင့် စိုက်ကြည့်ကာ ဆက်တွေးနေမိသည်။

သူ အမှန်တကယ် အလိုရှိတဲ့၊ လိုအပ်တဲ့ လူက ဘယ်သူမှန်း သူမသိတော့ဘူး။ ဝေခွဲလို့မရဘူး။ နွရေိပ်က သူချစ်ရတဲ့လူဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ရှင်းခန့်က သူလိုချင်တဲ့ ချစ်ခြင်းတွေ၊နာခံလိမ္မာမှုတွေ၊နူးညံ့သိမ့်မွေ့မှုတွေကို ပိုင်ဆိုင်ထားတဲ့ လူဖြစ်နေပြန်တယ်။

If  There Is Eternity Where stories live. Discover now