Chapter - 14 (Unicode)

15 1 0
                                    

ဒါဘယ်လိုလို့ဖြစ်နိုင်မှာလဲ
_____________________________

အစက ပြဿနာပြီးဆုံးသွားတဲ့အချိန်ထိ ရှင်းခန့်နဲ့ အဆက်အသွယ်ဖြတ်ပြီး နေမလို့ ဆုံးဖြတ်ထားခဲ့တာ။ ဒါပေမဲ့ အဲ့ကောင်လေးက သူ့အပေါ် အရမ်းတွယ်တာလွန်းတယ်။ ဒါပေမဲ့ ဒါကိုပဲ သူသဘောကျနေရတာ။ သူအမြဲလိုချင်နေခဲ့တဲ့ အပြုအမူတွေ၊တွယ်တာမှုတွေကို နွေရိပ်ဆီကမဟုတ်ဘဲ ဒီကောင်လေးဆီကနေ အစားထိုးရတယ်မဟုတ်ပါလား။

မေနှင်းကို ဒုက္ခပေးမဲ့အစား အရင်လို ရှင်းခန့်ဆီမှာပဲ နေတော့မယ်။ အခု မေနှင်းစက်ဆီကနေ ခရီးဆောင်အိတ်ကို သွားပြန်ယူအပြီး ရှင်းခန့်တိုက်ခန်းကို ပြန်နေသည့် လမ်းမှာဖြစ်သည်။ ရောက်တော့ ခရီးဆောင်အိတ်ကို ကားပေါ်က ချကာ အပေါ်ကိုတက်သွားသည်။

သူ သတိမထားမိသည်က မေနှင်းစက်အိမ်ကနေ ဒီအထိ နောက်ကနေ လိုက်လာတဲ့ လူရှိတယ်ဆိုတာ။ အဲ့လူဟာ တိုက်ရဲ့အရှေ့မှာ ရပ်ကာ ဘေးဘီကို လှည့်ကြည့်လိုက်ပြီး စဥ်းစားမရဟန် ဝေခွဲမရဟန်တွေနဲ့ ဟန်လင်းထက်နောက်ကနေ အလားတူ နောက်ကနေ တက်သွားလိုက်သည်။

အခုလေးတင် တံခါးပိတ်သွားတဲ့ ဒုတိယထပ်က အိမ်တံခါးကို စိုက်ကြည့်ပြီး ခဏနေတော့ တံခါးခေါက်လိုက်သည်။

ရှင်းခန့်နောင်တစ်ယောက် စီနီယာကို ဝိုင်းကူသယ်ပေးနေတုန်း တံခါးခေါက်သံကြားတော့ အပြေးသွားဖွင့်လိုက်သည်။

'' ဘယ်သူလဲ ''

ဆိုတဲ့ အသံနဲ့အတူ တံခါးဖွင့်အပြီးမှာ ပေါ်လာတဲ့ လူကတော့ မေနှင်းစက်။

အမှန်တော့ ဒီသူ့အိမ်မှာရှိနေတဲ့၂ရက်အတွင်း ဟန်လင်းထက်က သံသယဝင်စရာကောင်းနေတာ။ အမြဲတမ်း ဖုန်းတစ်လုံးနဲ့ အလုပ်ကို ရှုပ်နေတာ။ သူနားစွန်နားဖျားကြားတာတွေအရတော့ ရှေ့နေတစ်ယောက်ယောက်နဲ့ တစ်ခုခုကို ပြင်ဆင်နေတာ။ ပြီးတော့ တစ်ခုခုကို စိုးရိမ်နေသလို ဝေခွဲမရဖြစ်သလို မျက်နှာကိုလဲ မြင်နေရတယ်။ အဲဒါနဲ့ပဲ နွေရိပ်ဆီက ဖုန်းရပြီး အလောတကြီး ထွက်သွားတဲ့ လူက ရုတ်တရက်ကြီး ပစ္စည်းတွေအကုန်ယူကာ ထွက်သွားတော့ မသင်္ကါတာနဲ့ အနောက်က နောက်ယောက်ခံလိုက်လာခဲ့တာ။

If  There Is Eternity Where stories live. Discover now