Chapter - 8 (Unicode)

72 5 1
                                    

ဆေးတစ်ခွက် ဒါမှမဟုတ် အဆိပ်တစ်ခွက်
____________________

'' ခုနက ဘယ်သူလဲ နွေရိပ်!! ''

နွေရိပ် သောက်ပြီးသွားပြီဖြစ်တဲ့ ရေဖန်ခွက်ကို အနီးအနားရှိ စားပွဲပေါ် ချလိုက်ကာ ဟန်လင်းထက်ကို မျက်လုံးတွေ မှေးကျဥ်းကာ စူးစိုက်ကြည့်လိုက်သည်။

'' မင်း ဘာဖြစ်တာလဲ...ငါ့ကို ဘာကိစ္စ လာအော်နေရတာလဲ ''

'' ငါမေးနေတာ ​ဖြေ..ခုနက ဘယ်သူလဲ ''

'' ခုနက..အာ..ငါ့အသိတစ်ယောက် ''

'' အသိ?...ဘယ်သူလဲ ''

'' ငါပြောရင်တောင် မင်းသိမှာမလို့လား..ဘယ်ကနေ ယုံကြည်ချက်တွေ ရလာတာလဲ..ငါသိတဲ့ လူတိုင်းကို မင်းသိမယ်လို့ ''

'' ဘာလို့မဖြေချင်နေရတာလဲ...ငါသိလို့မဖြစ်တဲ့ လူမလို့လား ''

'' မင်းအတွက် ဘာက ပြဿနာဖြစ်နေတာလဲ ''

'' အကုန်လုံးပဲ....မင်းမှာ ကားမရှိလို့လား..သူ့ကားနဲ့ လိုက်သွားတာ..အိမ်က မင်းကား ၄စီးက တစ်ရက်တည်းတစ်ချိန်တည်းမှာတော့ ပျက်မသွားဘူးမလား.... ပြီးတော့ မင်းအခု ဝတ်ထားတဲ့ အဝတ်က မင်းဟာမဟုတ်ဘူး...မင်းနဲ့ ကြီးနေတာ အသိသာကြီး..အဲ့တစ်ယောက်အဝတ်တွေလား...ဘာကိစ္စတွေ လုပ်လာလို့ အဝတ်လဲဖို့ လိုခဲ့တာလဲ ''

'' ဟန်လင်းထက်! .....မင်းစကားတွေက ဘယ်ကို ဦးတည်နေတာလဲသိရဲ့လား.... မင်း ငါ့ကို သောက်ကျိုးနည်း ဘာတွေ လာစွပ်စွဲပြောဆိုနေတာလဲ .....မင်းရူးသွားတာလား.......ကားပျက်သွားနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေရော မတွေးမိဘူးလား.....ပြီးတော့..ငါက omega တစ်ယောက်..မင်း အမှတ်အသားပေးထားတဲ့ omegaတစ်ယောက်...တစ်သက်တာအမှတ်အသားနဲ့ omegaက အမှတ်အသားပေးတဲ့ လူက လွဲရင် ဘယ် alpha၊ ဘယ် beta နဲ့မှ တူတူရှိနေနိုင်မှာ မဟုတ်ဘူးဆိုတာ မင်း သောက်ဦးနှောက်က မေ့နေတာလား..သတိမရဘူးလား..မစဥ်းစားမဆင်ခြင်ဘဲ ခေါင်းထဲ ပေါ်လာတာနဲ့ ပါးစပ်က ထုတ်မပြောနဲ့ ဦးနှောက်မရှိတဲ့ လူလိုမျိုး... ငါက မင်းပြောသမျှ ခေါင်းငုံ့ခံနေရမဲ့ လူမဟုတ်ဘူး..ဘာလို့လဲဆို အမှားလုပ်တဲ့ သူက ငါ မဟုတ်ဘူး ''

'' ....... ''

'' အမှန်တိုင်းပြောရရင် တကယ် မတရားဘူးနော်.....အမှတ်အသားပေးခံရတဲ့ omega က တစ်ယောက်တည်းအတွက် ရှင်သန်သွားရပေမဲ့ အမှတ်အသားပေးတဲ့ Alpha ကတော့ ဘယ်သူနဲ့မဆို တူတူရှိနေနိုင်တယ် ''

If  There Is Eternity Where stories live. Discover now