Chapter - 7 (Unicode)

92 4 5
                                    

ကံကြမ္မာအရ..တွေ့ဆုံခြင်း
_______________

သိသလိုလိုနဲ့ မသိကြတဲ့ ဆက်ဆံရေး။
တစ်ဖက်တည်းက သိနေတဲ့ ဆက်ဆံရေးက အချင်းချင်းသိနေတယ်လို့ ပြောလို့ရလား။

ဆေးရုံအခန်းတစ်ခုထဲမှာ လူနှစ်ဦး တူတူရှိနေကြသည်။ တစ်ဦးက ကျန်တစ်ဦးရဲ့ ရှေ့ ဒူးထောက်လျက်။ တစ်ဖက်လူရဲ့ ခြေထောက်ကို ကိုင်ထားရင်း တစ်ခုခုလုပ်နေတဲ့ အခြေအနေပင်။

ခုနက ဖြစ်ရပ်မှာ နွေရိပ်ရဲ့ ခြေထောက်ထိသွားတာ ဖြစ်သည်။ ခြေကျင်းဝတ်လည်ပြီး ခြေထောက်ခေါက်သွားခဲ့တာ။ ဘုန်းတိမ်ယံဝိုင်က ကူတွဲပေးပြီး ဆေးရုံက သူ့ရုံးခန်းထဲ ခေါ်လာခဲ့တာဖြစ်၏။
ခုနက ကားရပ်သွားတဲ့ လမ်းကြားဟာ ဘုန်းတိမ်ယံဝိုင် အလုပ်လုပ်တဲ့ ဆေးရုံရဲ့ ဘေးလမ်းကြားဖြစ်နေ၏။ တိုက်တိုက်ဆိုင်ဆိုင်ပေါ့။

ဆေးရုံက သူ့ကိုယ်ပိုင်ရုံးခန်းကို ခေါ်သွားလိုက်ပြီးမကြာမီ သူနာပြုတစ်ယောက်ဝင်လာပြီး တောင်းထားတဲ့ လူနာဝတ်စုံအပိုတစ်ထည်ကို လာပေးလာခဲ့သည်။

'' ဒါ လဲဝတ်ထားလိုက်...ကိုယ် အပြင်ထွက်ပေးမယ်..စိုစိုကြီးနဲ့က အဆင်မပြေဘူး ''

နှစ်ယောက်လုံး မိုးရေထဲ ထီးမပါဘာမပါနဲ့ ဖြစ်ခဲ့တာဆိုတော့ အခု နှစ်ယောက်လုံး တစ်ကိုယ်လုံး စိုရွှဲနေလေသည်။ သူကိုယ်တိုင်က နားနေခန်းထဲမှာ အပိုရှိနေတဲ့ ဝတ်စုံကို သွားလဲဝတ်လိုက်ခဲ့သည်။ လဲဲပြီးလောက်ပြီလို့ တွေးလိုက်ပြီး အခန်းထဲ ပြန်သွားလိုက်တော့ နွေရိပ်က ထိုအပြာရောင်လူနာဝတ်စုံနဲ့ မျက်နှာကလဲ ဖြူဖတ်နေ၍ လူနာတစ်ယောက်နဲ့ အလွန်တူနေသည်။ ပြီးတော့ တွေတွေကြီး မတ်တပ်ရပ်လျက်နဲ့ ရှိနေသည်။

ဘုန်းတိမ်ယံဝိုင် နွေရိပ့်ကို သူ့အခန်းထဲက လူနာစမ်းသပ်ဆေးကုတဲ့ လူနာကုတင်ပေါ် ထိုင်စေလိုက်သည်။ ပြီးတော့ ဒူးထောက်ချလိုက်ပြီး ယူလာတဲ့ ဆေးဘူးကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး ဒဏ်ရာဖြစ်ကာ ယောင်ရဲချင်နေတဲ့ နွေရိပ်ရဲ့ ခြေကျင်းဝတ်ကို အသာယာလေးကိုင်၍ သူ့ဒူးပေါ် တင်ကာ နူးနူးညံ့ညံ့လေး နှိပ်လိမ်းပေးနေသည်။ အားနည်းနည်းထည့်လိုက်ရင် တစ်ဖက်လူ နာကျင်သွားမှာကို စိုးရိမ်နေသည့်နှယ် ။ ဂရုတစိုက်နဲ့ ဖွဖွလေး နှိပ်လိမ်း​ပေးနေသည်။

If  There Is Eternity Where stories live. Discover now