Chapter - 12 (Unicode)

30 2 0
                                    

ကွာရှင်းရအောင်
____________________________

လေပြေလေညှင်းတွေဟာ လမ်းထဲမှာရှိနေတဲ့ သစ်ပင်ပန်းပင်တွေက လတ်ဆတ်မွှေးပျံ့တဲ့ ရနံ့တွေကို သယ်ဆောင်နေပြီး စိတ်ကြည်လင်လန်းဆန်းစေ၏။ လမ်းတစ်လျှောက် စက္ကူပန်းပင်တွေ အထိုက်အလျောက် ရှိနေသည့်အတွက် မြင်ကွင်းဟာ ခရမ်းရောင်ပွင့်ဖတ်တွေနဲ့ လှပနေသည်။ ကြွေကျထားသည့် ပွင့်ဖတ်တချို့ဟာ လမ်းပေါ်မှာ ကျရောက်နေပြီး ပန်းခင်းသော လမ်းကို လျှောက်လှမ်းနေရတဲ့ ခံစားချက်မျိုးပင်။

လမ်းထဲတွင် နေထိုင်နေကြသည့် လူတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်ကိုင်နေကြပြီး လက်ဖက်ရည်ဆိုင်မှ ဖွင့်ထားသော သီချင်းသံတို့၊ လမ်းထဲက ဆိုင်အချို့တွင် ပိုင်ရှင်အဒေါ်ကြီးတွေနှင့် တစ်ခြားလူတွေ စကားပြောနေကြသံတို့နဲ့ ဆူညံနေပေမဲ့ ဟန်လင်းထက်စိတ်ထဲမှာတော့ ဒီနေရာဟာ အေးချမ်းတယ်လို့ အမြဲ ခံစားရတယ်။

ရှင်းခန့်က သူ့ရဲ့လက်ကို ကိုင်ထားရင်း အခုလို လမ်းလျှောက်ထွက်ရတာကို သဘောကျသည်။ သူကိုယ်တိုင်လဲ သဘောကျသည်။ အတူတူစရှိကတည်းက အိမ်ပြန်ဖြစ်တဲ့နေ့ကလွဲရင် နေ့တိုင်းလိုလို ဒီရပ်ကွက်အတွင်း လမ်းလျှောက်ထွက်ဖြစ်သည်။ ရပ်ကွက်ထဲက လူတွေက သူ့ကို ရှင်းခန့်ရဲ့ ရည်းစားအနေဖြင့် သိထားကြတာဖြစ်သည်။ အကုန်လုံးတော့ မဟုတ်ပေမဲ့ တော်တော်များများက တကယ့်ကို သဘောကောင်းပြီး ကြင်နာတတ်ကြတဲ့ လူတွေပါ။ တစ်သက်လုံးနေထိုင်လာခဲ့တဲ့ ပတ်ဝန်းကျင်တွေက လူတွေလို ငွေ​ကြေးဥစ္စာပကာသနတွေပဲ ခေါင်းထဲရှိပြီး အချင်းချင်းပြိုင်ဆိုင်နေကြတဲ့ လူတွေမဟုတ်ကြဘူး။

'' ဒီစုံတွဲကတော့ နေ့တိုင်းကို မျက်စိကို နောက်နေတာပဲဟေ..''

စနောက်သည့်အသံဖြင့် အိမ်စျေးဆိုင်လေးတစ်ခုရဲ့ ရှေ့မှာ ထိုင်နေတဲ့ အဒေါ်ကြီးတစ်ယောက်က ဟန်လင်းထက်တို့ကို ပြောလာသောအခါ ရှင်းခန့်က ရှက်ပြုံးလေးနဲ့ ဖြေလာသည်။

'' ကြီးကြီးကလည်း!...နေပြန်ကောင်းသွားပြီလား ကြီးကြီး...မနေ့က မတွေ့တော့ ကြီးကြီးသမီးမေးကြည့်တော့ နေမကောင်းဘူးဆို ''

If  There Is Eternity Where stories live. Discover now