Chapter - 13 (Zawgyi)

8 2 0
                                    

စွန့်မပစ်ပါနဲ့နော်
_______________________________

မေနှင်းစက်သည် ဟန်လင်းထက်နဲ့ ငယ်စဉ်ကျောင်းတက်အရွယ်လည်း တူတူ၊ အလုပ်ခွင်အရွယ်မှာလဲ တူတူ အမြဲရှိကာ အချိန်တွေ ဖြတ်သန်းလာခဲ့တဲ့ သူ။

ကျောင်းမှာ ဟန်လင်းထက်က နွရေိပ်ကို မရမက လိုက်ခဲ့တဲ့အချိန်တွေရော၊ အဖြေရကာ ဟန်လင်းထက် အရူးတစ်ယောက်လို ပျော်နေခဲ့တာကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတဲ့အချိန်တွေရော၊ လက်ထပ်ခန်းမအတွင်းမှာ အချင်းချင်း လက်စွပ်လဲလှယ်မှုပြုလုပ်ခဲ့တဲ့အချိန်တွေရော၊ ယွန်းလေးမွေးဖွားတာကို မွေးခန်းအပြင်ဘက်မှာ အတူတူ စိတ်ပူပန်မှုတွေနဲ့ ထိုင်စောင့်ခဲ့တဲ့အချိန်တွေရော။

ထိုအချိန်တွေအားလုံးမှာ ဟန်လင်းထက်ရဲ့ဘေးမှာ မေနှင်းစက်ဆိုတဲ့ သူမရှိနေခဲ့သည်။

ခရီးဆောင်အိတ်တွေကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးနောက် သူ့ရှေ့မှာ ထိုင်နေတဲ့ ဟန်လင်းထက်ကိုလဲ အလားတူ နားမလည်နိုင်စွာ ကြည့်လိုက်သည်။

မေနှင်းစက်ဟာ အမျိုးသမီးAlphaတစ်ယောက်ဖြစ်ပြီး လက်တွဲဖော်လည်း မရှိ။ မိဘများကလဲ တစ်ခြားမြို့မှာ နေထိုင်ပြီး အိမ်မှာ တစ်ယောက်တည်းနေထိုင်သည့် သူဖြစ်တယ်။

'' ခရီးဆောင်အိတ်က?...နင်ဘာတွေလုပ်နေတာလဲ..မနေ့က နွရေိပ်နဲ့ ရန်ဖြစ်လာလို့ ငါ့ဆီ လာနေတာ ထားပါတော့..အခုက..ဒီအိတ်က ဘာသဘောလဲ..''

'' ငါ ဟိုတယ်သွားမနေချင်ဘူး...နှင်းဆီလမ်းက အိမ်လဲ မပြန်ချင်ဘူး...အဲ့တော့ နင့်ဆီပဲ လာလိုက်တာ ''

'' မဟုတ်သေးပါဘူး...အိမ်က ဆင်းလာတာလား?..ကလေးလား..ဟိုတလောကတင် နင်အသက်တစ်နှစ်ပိုကြီးလာတာနော်...ကိုယ့်အသက်နဲ့မလိုက် ကလေးကုလားအလုပ်တွေ လျှောက်မလုပ်စမ်းနဲ့..နင် နွရေိပ်ကို ဘာစိတ်ဆိုးပြန်ပြီလဲ..နင်တို့အတွဲကလေ...ငါမြင်လိုက်ရင် Omegaဖြစ်တဲ့ နွရေိပ်က စိတ်ဆိုးစိတ်ကောက်ရတယ်မရှိ..နင်ဘဲ တစ်ယောက်တည်း စိတ်ဆိုးစိတ်ကောက် သဝန်တို..ဟိုက ပြန်မချော့လည်း တစ်ယောက်တည်း စိတ်ပြန်ပြေ..ဟိုကပြန်ချော့လဲ ကောက်ခနဲ စိတ်ပြန်ပြေ..ကိုယ့်အကြောင်းကိုယ်မသိတာလဲ မဟုတ်..သွား..ကိုယ့်အိမ်သာကိုယ်ပြန်စမ်းပါ..နင်ကို ဒီအိမ်က လက်မခံဘူး..သွား ''

If  There Is Eternity Tempat cerita menjadi hidup. Temukan sekarang