Ch-(1.1)

1.3K 115 4
                                    

Unicode

လွတ်မြောက်ရန် ကြိုးပမ်းခြင်း



ငြိမ်သက်နေသော တောအုပ်အတွင်းမှ ပြေးလွှားနေသော အဖြူရောင်ပုံရိပ်တစ်ခုသည် အလျင်လိုနေပြီး ထိတ်လန့်နေပုံရသည်။ သူ၏ ခြေဗလာသည် ရွှံ့မြေအောက်ရှိ ကျောက်စရစ်ခဲများနှင့် နင်းမိပြီး ခြေဖဝါးမှပြင်းထန်စွာ ဒဏ်ရာရသွားသဖြင့် သူဖြတ်သွားရာ မြေကြီးနှင့် ပေါင်းပင်များတွင် သွေးများ ကျန်ရစ်ခဲ့သည်။

သူ၏ ဘယ်ဘက်ခြေကျင်းဝတ်ကို လက်ရာမြောက်သော သတ္တုဖြင့် ပြုလုပ်ထားသည့် အနက်ရောင် ခြေကျင်းဝတ်ဖြင့် ချည်နှောင်ထားသည်။  သွယ်လျသောကြိုးပေါ်တွင် ချိတ်ဆွဲထားသော လက်သည်းခွံအရွယ် ရွှေခေါင်းလောင်းလေး သုံးခုလည်းရှိသည်။  သူဘယ်လောက်ပဲ ပြေးနေပါစေ ခေါင်းလောင်းသံက ပျောက်ကွယ်မသွားပေ။

သို့သော် ရုံကျွင်းသည် ခေါင်းလောင်းသံကို ထိန်းချုပ်ရန် ရည်ရွယ်ချက်မရှိပေ။  သူရောက်နေတဲ့နေရာကနေ အမြန်ဆုံးသာ လွတ်မြောက်ချင်နေပြီး  ခြေဖဝါးအောက်က နာကျင်မှုကို လျစ်လျူရှုကာ၊ လည်ချောင်းထဲကို စိမ့်ဝင်လာတဲ့ လေအေးကြောင့် နာကျင်မှုကို လျစ်လျူရှုကာ၊  သူ့ရင်ဘတ်ထဲက နာကျင်ကိုက်ခဲတဲ့ ခံစားချက်အားလုံးကို ဖယ်ထုတ်ပစ်လိုက်တဲ့ အထိ ကြောက်ရွံ့နေခဲ့ပြီး ရှေ့ကိုသာဆက်​ပြေးနေခဲ့သည်။

သူ ပြေးဖို့ပဲ စိတ်ပိုင်းဖြတ်ပြီး တောထဲ ဖြတ်လျှောက်သွားနေခဲ့သည်။

သူဘယ်ကိုရောက်နေလဲ၊ ဘယ်လမ်းကြောင်းကို ပြေးရမှန်းတောင်မသိ၊ သူသွားလေရာရာတိုင်းဟာ အမြဲတစေ အတူတူလိုလို၊ သူဘယ်ကိုသွားသွား ကြည့်လိုက်တိုင်း အကန့်အသတ်မဲ့သစ်ပင်တွေနဲ့ ဖုံးအုပ်ထားတဲ့ နေရာတွေ ကြီးသာ။  ထွက်လမ်းရှာဖို့ သူ့ကိုယ်ပိုင်အသိစိတ်ကိုပဲ အားကိုးရတော့သည်။

ဘယ်ကမှန်းမသိ၊ အဝေးက ပြေးလာနေတဲ့ အသံက လေထုကို ထိုးဖောက်ဝင်ရောက်သွားပြီး ရုံကျွင်းရဲ့ နှလုံးကို ခုန်တက်သွားစေခဲ့တယ်။

သူ့တစ်ကိုယ်လုံးရှိ အမွှေးများ ချက်ခြင်းထောင်သွားကာ၊ ခြေထောက်အောက်မှ ခြေလှမ်းများလည်း ပို၍ယိမ်းယိုင်လာကာ သူ့ရှေ့ရှိသစ်ပင်များကြားမှ ဖြတ်သွားရာ အဝတ်အစားများက သစ်ပင်အချို့၏ အကိုင်းအခက်များနဲ့ ငြိမိပြီး စုတ်ပြဲကာလုံးဝပျက်စီးသွားသည်။

ဒေါင်းဖြူလေး {ဘာသာပြန်}Where stories live. Discover now