Ch.(1.4) အကျဉ်းချခံရခြင်း / အက်ဥ္းခ်ခံရျခင္း

647 75 2
                                    

Unicode

အစကတည်းက ယန်ချန်ဟာ ရုံကျွင်းကို အရင်ကြိုက်ပြီး လိုက်ခဲ့သူဖြစ်သည်။ နောက်ဆုံး သူ့နှလုံးသားကို အနိုင်ယူဖို့အတွက် အများကြီးကြိုးစားခဲ့ရပါတယ်။ သူတို့နှစ်ယောက်ကြားက အချစ်ရေးမှာ ရုံကျွင်းကိုဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ ထိန်းချုပ်ထားချင်ခဲ့သည်။ ဒါပေမယ့်လည်း ရုံကျွင်း သူတို့ရဲ့အချစ်ရေးအပေါ် ငြီးငွေ့စေခဲ့တာက ဒီအလွန်အကျွံအချစ်တွေကြောင့်ပါပဲ။

သူသည်ယန်ချန် ကဲ့သို့လူတစ်ဦးတည်းကိုသာ တစ်ချိန်လုံး မတွေးနိုင်ပါ၊ သူ့တွင် အခြားလုပ်စရာများရှိပြီး သူ့ပတ်ဝန်းကျင်တွင် သူထပ်တူထပ်မျှ ဂရုစိုက်သော အခြားသူများလည်း ရှိသေးသည်။ သူတို့ရဲ့ခံစားချက်တွေက လုံးဝအချိုးမကျပေ။ ယန်ချန်က ရုံကျွင်းရဲ့ အာရုံစိုက်မှုကို ပိုပိုပြီးရလာဖို့အတွက် အမြဲတမ်း တခြားလူတွေနဲ့ ပုံမှန်ဆက်ဆံတိုင်း တားဆီးထားလေ့ရှိသည်။ အဲ့ဒါကသူ့အတွက် ညှဥ်းပန်းနှိပ်စက်နေသလိုပဲမို့ သည်းမခံနိုင်တော့ဘဲ သူတို့ကြားမှာရှိတဲ့ အရာတွေကို အဆုံးသတ်လိုက်သည်။

ပထမအကြိမ် လမ်းခွဲလိုက်သောအခါတွင် ယန်ချန်က သူ့ကို ဖမ်းကိုင်ကာ တောင်းပန်ပြီး နောက်ဘယ်တော့မှ မလုပ်တော့ဘူးလို့ ပြောခဲ့ပါတယ်။ သူ့အပေါ် ရုံကျွင်းရဲ့အချစ်က တိမ်မြုပ်မသွားသေးတဲ့အတွက် သူ အလွယ်တကူ စိတ်ပျော့ပြီး ပြန်တွဲဖို့ သဘောတူလိုက်သည်။

သို့သော် ထို့နောက်တွင် ယန်ချန်သည် သူ့ကတိကို မလိုက်နာခဲ့ပေ။ သူ့ပိုင်ဆိုင်လိုစိတ်က ရုံကျွင်း စိတ်ကူးထားတာထက် အများကြီး ပိုပြင်းထန်သည်။ သူသည် အခြားသူများနှင့် အနည်းငယ်သာ အဆက်အသွယ်ရှိတာတောင် ယန်ချန်က ဒေါသထွက်တတ်ပြီး တစ်ခါတစ်ရံတွင် သူသည် အခြားသူများအပေါ် ခံစားချက်များဖွင့်ထုတ်ကာ ရုံကျွင်းနှင့် ထိတွေ့ဖူးသူများအပေါ် ရက်စက်တတ်သည်။ ဒါတွေက ရုံကျွင်း အပြင်ပန်းသာ မြင်နေရတဲ့အရာတွေဖြစ်ပြီး သူ့နောက်မှာလူတွေကို လုပ်ခဲ့တဲ့ ခြိမ်းခြောက်မှုတွေနဲ့ဒဏ်ရာတွေက မရေမတွက်နိုင်အောင် များနေခဲ့ပါပြီ။

ဒေါင်းဖြူလေး {ဘာသာပြန်}Where stories live. Discover now