Ch.(1.8) ဉာဏ်ကိုအသုံးချခြင်း II / ဉာဏ္ကိုအသုံးခ်ျခင္း II

401 42 5
                                    

Unicode

ယန်ချန်သည် ရုံကျွင်း၏ လုပ်ရပ်ကြောင့် သဘောကျသွားသည်။ သူ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးကာ ငေးကြည့်နေမိသည်။ သူတို့နှစ်ယောက်တွဲနေတုန်းကတောင် ရုံကျွင်းက ဒီလိုအမူအရာမျိုးလုပ်ခဲပါတယ်။

"ချင်းချင်း..." ယန်ချန်သည် အလွန်စိတ်လှုပ်ရှားသွားပြီး အသံတုန်တုန်ယင်ယင်ဖြင့် ရုံကျွင်း၏ ပြုံးနေသောမျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ့ထံမှ နောက်ထပ်ရယူရန် တိုးလာသော်လည်း ရုံကျွင်းက မလိုလားကြောင်း အချက်ပြရန် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်။

"ငါနည်းနည်းပင်ပန်းနေတယ်" ရုံကျွင်းက ပြောသည်။

"ဒါဆို ရေချိုးရအောင်" ရုံကျွင်း၏ ဖြေလျှော့သော အမူအရာသည် ယန်ချန်ကို အနည်းငယ် တောင့်တင်းသွားစေကာ သူ့ချစ်သူ၏ ခါးကိုဆွဲကိုင်ကာ နောက်ဘက် နံရံဆီသို့ ဖြည်းညှင်းစွာ ပြန်တွန်းလိုက်သည်။

"ငါဘာ့ငါ သွားမယ်" ရုံကျွင်းသည် ယန်ချန်မှီနေသော ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်သို့ သူ့လက်များဖြင့် ဖိလိုက်ကာ သူ့မျက်လုံးများကို ရှောင်ရန် မျက်လုံးများ မှေးမှိန်သွားကာ ရှည်လျားပြီး လင်းလက်နေသော မျက်တောင်များ တုန်နေသည်။ ယန်ချန်က အရာအားလုံးကို မြင်လိုက်ရတော့ ချစ်စရာကောင်းတဲ့ ရုံကျွင်းက သူ့နှလုံးသားကို အရည်ပျော်သွားစေသည်။

"ဘာလို့လဲ? မင်းနဲ့ပတ်သက်တဲ့ တခြားအရာတွေမှာ ကိုယ်မမြင်ဖူး၊ မနမ်းဖူးတာမှမရှိတာ..." ယန်ချန်၏ နောက်ဆက်တွဲအနိုင်ကျင့်သော စကားများ ရပ်တန့်သွားသောအခါ၊ ရုံကျွင်း ၏လက်များက ယန်ချန်၏ပါးစပ်ကို ဖုံးအုပ်သွားခဲ့သည်။ သူ၏ အနီရောင်ဖျော့ဖျော့ မျက်စံများသည် အစွန်းအထင်းများနှင့် ပြည့်နေသည်။ သူ့မျက်နှာက လုံးဝခြိမ်းခြောက်မှုမရှိသော်လည်း ယန်ချန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူ့အတွက်တော့ ရုံကျွင်းက လုံးဝကို ချစ်စရာကောင်းလွန်းသည်။

ရုံကျွင်းသည် မကျေနပ်သော အကြည့်ဖြင့် ယန်ချန်ကို စိုက်ကြည့်နေသည်။ "မင်းမထွက်သွားရင် ငါဒီညအိပ်မှာမဟုတ်ဘူး"

ဒေါင်းဖြူလေး {ဘာသာပြန်}Where stories live. Discover now