Ch.(1.7) ဉာဏ်အသုံးချခြင်းI / ဉာဏ္အသုံးခ်ျခင္းI

432 56 1
                                    

Unicode

[ဒင်! - ဒင်!]

ရုံကျွင်းသည် ယန်ချန်၏ ပခုံးပေါ်တွင် ခေါင်းကို မှီလျက် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူ ခြေထောက်ကို ကြိမ်ဖန်များစွာ ယမ်းလိုက်ရာ ပြတ်သားသော ခေါင်းလောင်းကို အကြိမ်အနည်းငယ် မြည်စေသည်။ သူ့အား သားရဲအသွင်ပြောင်းခြင်းမှ ဖိနှိပ်ထားသည့် ခြေကျင်းဝတ်ကို စေ့စေ့ကြည့်လိုက်သည်။

"ယန်ချန်၊ ဆူညံနေတာပဲ"

ယန်ချန်သည် ရုံကျွင်း၏ခါးကိုပတ်ပြီး သူ့လက်နှစ်ဖက်ဖြင့် အနားကပ်ကာ ပြန်မဖြေဘဲ ပါးပြင်ကိုနမ်းလိုက်သည်။

ယန်ချန်သည် သူ့ကိုနှစ်သက်သောကြောင့် တချိို့သောအရာများအပေါ် တုံးအဟန်ဆောင်နိုင်သော်လည်း ရုံကျွင်းကို ဆုံးရှုံးစေမည့်အရာနှင့် ပတ်သက်လာလျှင် အနည်းငယ်မျှ လိုက်လျောမည်မဟုတ်ပေ။

ရုံကျွင်းသည် ယန်ချန်က သူ့ကို တုံ့ပြန်ရန် ရှောင်ဖယ်နေမှန်း သိသာသော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ ယန်ချန်က သဘောမတူဘူးဆိုတာ သူသိထားပြီးသားဖြစ်ပေမယ့် ဒါက သူ့ရဲ့အဓိကရည်ရွယ်ချက်မဟုတ်သည့်အတွက် အဆင်ပြေသည်။ "​အပြင်အတူတူသွားရအောင်၊ ငါမင်းနဲ့ အပြင်မသွားရတာကြာပြီ"

"ခရီး?" ယန်ချန်က အနည်းငယ် တုံ့ဆိုင်းသွားကာ ချက်ချင်း သဘောမတူပေ။ "ဘယ်သွားချင်လဲ?"

"အနီးနားက မြို့ကို သွားချင်တယ်။ ငါတစ်ချိန်လုံး ပိတ်လှောင်ခံရတာ မကြိုက်ဘူးဆိုတာ မင်းကောင်းကောင်းသိပါတယ်။" ရုံကျွင်း၏ မျက်နှာသည် အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ယန်ချန်၏ မျက်လုံးများဆီ မရောက်ခဲ့ပေ။

"ဒါဆို ကိုယ်တယောက်ယောက်ကို စီစဉ်ခိုင်းလိုက်မယ်"

...
ဘီးရှည်ဇိမ်ခံမှန်လုံကားကြီးသည် မီတာအတော်အတန်ရှည်သော အဆောက်အအုံ၏ သံဂိတ်တံခါးမှ မောင်းထွက်သွားခဲ့သည်။ နိုင်လွန်ကတ္တရာလမ်း တစ်လျှောက်အတော်အတန် မောင်းနှင်ပြီးနောက် ဘေးခုံမှပြတင်းပေါက်မှန်သည် ဖြည်းဖြည်းချင်းပွင့်လာကာ အလွန်သိမ်မွေ့နူးညံ့သော ရုပ်ရည်ဖြင့်လူငယ်လေး တစ်ယောက်ပေါ်လာသည်။

ဒေါင်းဖြူလေး {ဘာသာပြန်}Where stories live. Discover now