Ch.(1.5) သံကြိုးခတ်ခံရခြင်း/ သံႀကိဳးခတ္ခံရျခင္း

563 66 3
                                    

Unicode

ပြတင်းပေါက်နံရံများမှ နေရောင်ခြည်သည် ကုလားကာများမှတဆင့် စိမ့်ဝင်သွားကာ အလင်းရောင်သည် တဖြည်းဖြည်း လင်းလာပြီး အခန်းထောင့်တိုင်းသို့ ကျရောက်လာကာ နွေးထွေးမှုကို ဖြစ်ပေါ်စေသည်။

အစောကြီးနိုးလာတဲ့ ယန်ချန်က သူ့ဘေးနားက အိပ်ပျော်နေတဲ့သူကို စိုက်ကြည့်ရင်း သူ့လက်တွေက ရုံကျွင်းရဲ့ပါးပြင်ကို လက်ခုံဖြင့်ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

ရုံကျွင်းဟာ မနက်စောစောမှာ ထွက်လာတဲ့ ပူနွေးတဲ့ နေရောင်ကို နှစ်သက်ပြီး အိပ်ရာမှ နိုးလာပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ တောက်ပတဲ့ ပတ်ဝန်းကျင်မှာ နေရတာကို နှစ်သက်သည်။ ထိုအရာများက သူ့ကိုပျော်ရွှင်စေသောကြောင့် ယန်ချန်သည် သူ့အတွက် သဘာဝအတိုင်း ဖြည့်ဆည်းပေးလိမ့်မည်။

သူ့ဘေးမှာ ငြိမ်းချမ်းစွာ အနားယူနေတဲ့ ရုံကျွင်းရဲ့ အသွင်သစ်က ယန်ချန်ကို အတိတ်ကို လွမ်းဆွတ်စေသည်။

ဒီလိုအချိန်တွေကို သူမှတ်မိသည်။ ရုံကျွင်းဟာ သူတို့ညတိုင်းလိုလို အမြဲလုပ်နေပေမယ့် သူနိုးလာပြီးနောက် သူ့(YC)ကို ရှောင်ပြေးဖို့ ကြိုးစားလိမ့်မည်။ သူ့ကိုကျီစယ်တိုင်း ရှက်ရွံ့တဲ့မျက်နှာနဲ့ ကြောင်ကလေးလို သူ့(YC)ရင်ခွင်ထဲမှာ ပုန်းနေလိမ့်မည်။

ဒါကိုတွေးရင်း ယန်ချန်ရဲ့အမူအရာက တဖြည်းဖြည်း ဝမ်းနည်းလာပြီး လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူ့ဘေးနားကလူကို ရင်ခွင်ထဲ ထည့်လိုက်သည်။ သူတို့ဒီလိုမဖြစ်သင့်ဘူး၊ သူတို့နှစ်ယောက်လုံးအတွက် သူစီစဉ်ထားတဲ့ ဘဝနောက်ကိုသာ လိုက်သင့်တယ်၊ သူတို့တစ်သက်လုံး အတူတူရှိနေသင့်တယ်။

"ဒါတွေအကုန် မင်းအမှားပဲ၊ မင်းရဲ့နှလုံးသား ပြောင်းလဲသွားလို့ ဒီလိုဖြစ်ရတာ။ ဘာမဟုတ်တဲ့ကောင်အတွက် ငါ့ကိုလမ်းခွဲရဲတဲ့ မင်းအမှားပဲ။" သူကတီးတိုးပြောသည်။

သူ့လက်များ အနည်းငယ်တင်းကျပ်လာပြီး အမူအရာမှာလည်း မှောင်မိုက်လာသည်။ သူ၏ကြည်လင်သော မျက်လုံးမှ အနီရောင်အရိပ်အယောင်များပေါ်လာပြီး ရက်စက်မှုနှင့် ရူးသွယ်မှုတို့ ရောနှမ်းနေသည်။

ဒေါင်းဖြူလေး {ဘာသာပြန်}Where stories live. Discover now