Ch.(1.10) ဉာဏ်အသုံးချခြင်း IV /ဉာဏ္အသုံးခ်ျခင္း IV

309 32 2
                                    

Unicode

ဟိုတယ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် မပိတ်ခင်တွင်၊ ယန်ချန်သည် ရုံကျွင်း၏ ခန္ဓာကိုယ်ကို လက်များဖြင့်ဝန်းရံထားကာ နံရံနှင့် ဖိလိုက်ပြီး တံခါးကို ခြေထောက်ဖြင့်ပိတ်လိုက်သည်။

ရုံကျွင်းနဲ့ ယန်ချန်တို့ရဲ့ အရပ်အမောင်း ကွာခြားချက်ဟာ ခေါင်းတစ်လုံးနီးပါးဖြစ်ပြီး အထူးသဖြင့် ယန်ချန်ရဲ့ရက်ပေါင်းများစွာ ချုပ်တည်းထားရသော ဆန္ဒများ ချိုးဖျက်လိုက်သောအခါ မလွှဲမသေ ဖိနှိပ်ခံရမှာပင်။

ရုံကျွင်း၏ ခြေထောက်များ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကာ အနမ်းကြောင့် သူအသက်ရှုမဝတော့။ “ဟင့်...အာ…ယန်..ယန်ချန်…”

ယန်ချန်က သူ့ပခုံးကို ကိုင်လိုက်ပြီး ခေါင်းကိုလှည့်ကာ ရဝေမျက်လုံးများဖြင့် နှစ်လိုဖွယ်ကောင်းစွာ ကြည့်နေသည်။ "ဘာမှမဖြစ်ဘူး ရှူးးး- ဘာမှမဖြစ်ဘူး" မျက်လုံးနီရဲနေသော ယန်ချန်သည် အခြားအရာတွေကို ဂရုမစိုက်နိုင်တော့ဘဲ ရုံကျွင်း၏အဝတ်အစားများကို တရင်းတနှီးဆွဲချွတ်ကာ အနီရောင်စွန်းထင်းနေသော အသားအရေကို လက်ဖဝါးဖြင့် ပွတ်သပ်လိုက်သည်။

သူ၏ပွတ်သပ်မှုခွန်အား အချိုးအစားမှာ အနည်းငယ်အားများနေပြီး သူ(ရုံကျွင်း)၏ ဖြူဖွေးသော အရေပြားပေါ်တွင် အနီကွက်အချို့ ကျန်ရစ်ခဲ့လေသည်။

"ဟင့်-အင်း....အရင်ရေချိုးရအောင်" ရုံကျွင်းသည် ယန်ချန်၏ပခုံးကို ပြင်းပြင်းထန်ထန်မဟုတ်ဘဲ သူတို့နှစ်ဦးကြား အကွာအဝေးကို ဖွင့်ရန်သာ တွန်းထုတ်လိုက်သည်။ ယန်ချန်က သူ့ကိုမငြင်းဆန်နိုင်ပဲ ကလေးတစ်ယောက်ကိုချီသလို သူ့တင်ပါးကနေ ပွေ့ချီလိုက်ကာ ရေချိုးခန်းထဲကို လျှောက်သွားလိုက်သည်။

သို့ပေမယ့်ဝင်ပြီး နာရီဝက်အတွင်းမှာပဲ ရုံကျွင်း သူ့ဆုံးဖြတ်ချက်ကို ချက်ချင်းနောင်တရသွားတော့သည်။ “အာ့… ငါရေမချိုးဘူး…” သူ့ငိုသံက ရေချိုးခန်းထဲမှာ ပဲ့တင်ထပ်သွားပြီး ယန်ချန်ရဲ့ရယ်သံနဲ့ ရောထွေးနေသည်။ “မင်းပဲ ရေချိုးချင်တယ်ဆို? အခုတော့ မဟုတ်တော့ဘူးပေါ့? မင်းလေးက အမျိုးမျိုးပဲနော်"

You've reached the end of published parts.

⏰ Last updated: Jan 08, 2023 ⏰

Add this story to your Library to get notified about new parts!

ဒေါင်းဖြူလေး {ဘာသာပြန်}Where stories live. Discover now