Ch.(1.9) ဉာဏ်အသုံးချခြင်း III / ဉာဏ္အသုံးခ်ျခင္း III

204 30 1
                                    

Unicode

"အခန်းထဲမှာ မနက်စာစားချင်လား?" ယန်ချန်သည် သူ့လက်ထဲတွင် အနည်းငယ်စိုစွတ်နေသော မျက်နှာသုတ်ပုဝါကို ဆိုဖာနောက်ဘက်သို့ချကာ ရုံကျွင်း၏ နံဘေးသို့ လျှောက်သွားပြီး သူ့ပါးလေးကို လက်ချောင်းကွေးကာ ပွတ်သပ်လိုက်သည်။

"ကိုယ်မင်းအတွက် အဝတ်သန့်သန့်ယူပေးမယ်၊ သွားစားလိုက်လေ"

"မလိုဘူး၊ ငါ့ဘာငါသွားလဲမယ်" ရုံကျွင်း ထိုင်ခုံမှထကာ အဝတ်လဲခန်းထဲသို့ လျှောက်သွားလိုက်သည်။

အဝတ်အစားလဲတဲ့အခါ ရုံကျွင်းဟာ ယန်ချန်သူ့ကို ကြည့်နေတဲ့ စူးစူးရှရှအကြည့်တွေကို အမြဲခံစားနေရသည်။ သူ့ဆန္ဒတွေကို သည်းခံအောင် လုပ်ရတာ သူ(ရုံကျွင်း)အရမ်းပျော်တယ်။ တစ်ခါတစ်လေ အနမ်းတွေ၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေနဲ့ ဆွဲဆောင်လေ့ရှိပေမယ့် နောက်ဆုံးမှာတော့ ယန်ချန်ကို ဒီထက်ပိုပြီး ခွင့်မပြုတော့။

ဒါကိုတွေးရင်း ရုံကျွင်းရဲ့မျက်လုံးတွေမှာ အမည်မသိတဲ့ အလင်းတန်းတစ်ခု ခဏတာလင်းလက်သွားပြီး သူ့နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်သွားကာ သူ့မျက်နှာမှာ လေးနက်တဲ့အမူအရာနဲ့ အရောင်ခြယ်သွားတော့သည်။
…....

သူတို့နှစ်ဦး စားသောက်ဆိုင်တွင် နံနက်စာစားပြီးနောက် ယန်ချန်ပ မူလကသူ့နဲ့ ကားမောင်းထွက်ရန် ဆန္ဒရှိသော်လည်း ရုံကျွင်းက လမ်းလျှောက်ရန်သာ အခိုင်အမာ ပြောခဲ့ပြီး နာမည်ကြီး ရှုခင်းသာနေရာများနှင့် အခြားနေရာများသို့ မသွားချင်ပေ။ သူအပြင်ကိုပဲ လမ်းလျှောက်ထွက်ချင်တာမို့ ယန်ချန်က သူ့ဆန္ဒအတိုင်း လိုက်လုပ်ရတော့သည်။

ယန်ချန် လမ်းလျှောက်ရင်း နဖူးမှာ ချွေးအနည်းငယ်စီးကျနေတဲ့ ရုံကျွင်းကိုကြည့်လိုက်ပြီး "တစ်ခုခုသောက်ဖို့ ကိုယ်ခေါ်သွားပေးမယ်" ဟု ပြောလိုက်သည်။

ရုံကျွင်းက သူ့ကို လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးထောင့်ကနေ အနီးနားက စတိုးဆိုင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အဲဒီနေရာကို လက်ညိုးထိုးပြလိုက်သည်။

ဒေါင်းဖြူလေး {ဘာသာပြန်}Nơi câu chuyện tồn tại. Hãy khám phá bây giờ