The story of first love

2.7K 172 23
                                    


ဟောင်းနွမ်းနေတဲ့ ဝါကျင်ကျင်စာရွက်တွေကပြောလာမဲ့အချစ်ဦးအကြောင်း ။

ဖုန်အလိမ့်လိမ့်တက်နေပေမယ့် သစ်လွင်နေတဲ့နှလုံးသားတစ်စုံကတော့ သူဆိုတာနဲ့ခုန်ပေါက်​နေတော့သည်။

တုန်ရီနေတဲ့လက်တွေကအသက်ရွယ်တစ်ခုကိုကျော်လွန်လာခဲ့ပြီမလို့အရေတွန့်ကာစပြုလာ​လေပြီ

မှုန်ဝါးနေပြီဖြစ်တဲ့အမြင်အာရုံတွေကတော့အရင်လိုကြည်လင်မနေနိုင်တော့တာကြောင့်မျက်မှန်ရဲ့အကူအညီကိုယူနေရ​၏

အေးစက်တဲ့ရာသီဥတုကြောင့်မကြာခနအအေးမိတဲ့သူက အမြဲချောင်းဆိုးမပြတ်

အဆက်မပြတ်ဆိုးနေတဲ့ချောင်းကိုလစ်လျှူရှု့ရင်းလက်ကိုင်ပုဝါလေးအုပ်ကာ ဖုန်အလိမ့်လိမ့်တက်နေတဲ့သူ့ဒဏ္ဍရီစာအုပ်လေးကိုဖွင့်လိုက်တော့ သူနဲ့စတွေ့ခဲ့သောDateလှလှလေး ကိုတွေ့ရသည်။

မေ့ပျောက်ဖို့ခတ်တဲ့ထိုအတိတ်တွေက သူ့ကိုတစ်ရစ်ရစ်ချည်နှောင်ရင်းနာကျင်မှု့တစ်ချို့နဲ့နေသားကျစေသည်။

အလွန်ကြာနေပြီဖြစ်ကြောင်းသက်သေပြတဲ့ဒဏ္ဍရီစာရွက်ကလေးကဝါကျင်ကျင်

ဟောင်းနွမ်းနေတဲ့ထိုစာရွက်ပေါ်မှာထင်ရှားနေတဲ့နေ့စွဲလှလှလေးကိုသူထိတွေ့မိတယ်

အရင်ကထိုစာရွက်လေးသစ်လွင်နေခဲ့သလိုသူ့အတိတ်တွေကလဲ သစ်လွင်ခဲ့ဖူးတယ်။

အခုတော့ထိုအတိတ်တွေက ပုံပြင်ထဲကသင်ခန်းစာလေးဖြစ်ခဲ့ပြီပေါ့အချစ်ရယ်... ။

________________________________

(9.18.2005 )

" သားနာမည်ကိုမိတ်ဆက်လိုက်ပါအုံး "

အတန်းထဲကကောင်မလေးတွေရဲ့အော်သံနဲ့အတူကျောင်းအခန်းထံကိုခြေချလာတဲ့လမ်းသရဲလိုလိုအကောင်

ရွဲ့ဆောင်းနေတဲ့ကျောင်းလွယ်အိတ်နဲ့အတူ ကျယ်သီးသုံးလုံးလောက်ဖြုတ်ထားတဲ့ထိုကောင်ရဲ့စတိုင်က သူ့မျက်လုံးထဲကန့်လန့်ဖြတ်ကြီးဝင်ရောက်လာသည်။

ဝတ်ပုံစားပုံကဘဲလမ်းဘေးစတိုင်လားဆိုတော့မဟုတ်သေး ပီကေတစ်ဖြောက်ဖြောက်ဝါးနေတဲ့ထိုကောင့်ပုံစံကပါစရိုက်ဆန်နေတာ

The story of first love ( Completed) Where stories live. Discover now