The Story Of First Love

661 88 1
                                    


လူဆိုးကောင်ကိုမတွေ့ရတဲ့သူ့နေ့ရက်တစ်ချို့ကရှည်သည်

ကတိတည်လွန်းတဲ့ထိုကောင်က သူ့ရှေ့ကိုနှစ်ရက်လောက်ပေါ်မလာခဲ့သလို ကျောင်းပြန်တက်သည့်အခါမှာလဲသူ့ကိုမမြင်ချင်ယောင်ဆောင်နေကာ လမ်းမှာတွေ့ရင်တောင်ရှောင်သွားတက်သည်။

အဖြေပေးဖို့စဥ်းစားချိန်ပေးထားမှန်းသိနေသော်လဲ ဂျွန်ဂျောင်ကုရဲ့သောက်ကျိုးနည်းလစ်လျှူရှု့မှု့ကြီးကြောင့် အဖြေတောင်းထားတာသူလားကိုယ်လားပင်မသဲကွဲတော့

သူငယ်ချင်းဆက်ဆံရေးကနေပြောင်းလဲဖို့ဆိုတာသူ့အတွက်ခတ်ခဲနေပေမယ့် ဂျွန်ဂျောင်ကုကိုလဲမတွေ့ရရင်မနေနိုင်ပြန်ပါ

သူ့စိတ်ထဲမှာလဲဂျွန်ဂျောင်ကုတစ်ခြားသူနဲ့အတူရှိနေမှာမျိုးကိုသေမလိုကြောက်နေရသည်။ အကယ်၍သူသာငြင်းလိုက်ရင်ဂျွန်ဂျောင်ကုတစ်ခြားသူနဲ့တွဲဖြစ်သွားမှာမျိုးကိုသူမလိုလား

ဖွင့်ပြောထားသူကဂျွန်ဂျောင်ကုဆိုပေမယ့်သူကသာမနေနိုင်မထိုင်နိုင်ဖြစ်နေပြီး အရှောင်အတိမ်းကောင်းတဲ့ဂျွန်ဂျောင်ကုကိုဘဲလိုက်ဖမ်းနေရသည်။

ကြာလာတော့စိတ်ထဲတွေးမိတာက ဂျွန်ဂျောင်ကုများသူ့ကိုလက်စားပြန်ချေနေသလားလို့ပင်

စိတ်မလုံတဲ့သူကဘဲထိုရှောင်တိမ်းတဲ့အကွက်တွေကိုစလိုက်သူမလို့ထိုပေါက်ကရအတွေးလေးကတစ်ချက်တစ်ချက်ဝင်လို့လာတာ

" လူဆိုးကောင်မင်းငါ့ကိုဘယ်အချိန်ထိရှောင်နေမှာလဲ"

" မရှောင်ပါဘူး မျက်မှန်လေးကိုစဥ်းစားချိန်ပေးထားတာ "

" သောက်ပိုတွေမပြောနဲ့ မင်းကိုငါ့ရှေ့ပေါ်မလာဖို့ပြောမိလို့လား မင်းသဘောအတိုင်းမင်းအကုန်လုပ်နေတာလေ"

" ကိုယ်အလုပ်ရှုပ်နေလို့ပါ အဲ့လိုမျိုးမဟုတ်ပါဘူး"

" အော...အတန်းချိန်လောက်ဘဲတွေ့နိုင်လောက်တဲ့အထိဘာတွေများသောက်လုပ်ရှုပ်သွားရတာလဲ "

အချိန်ပြည့်သူ့ကိုရှောင်နေတဲ့ဂျွန်ဂျောင်ကုကိုဒေါသထွက်သွားတာကြောင့်စာသင်ခန်းထဲရောက်နေတာကိုပါသတိမထားမိလိုက်

The story of first love ( Completed) Where stories live. Discover now