The Story Of First Love

639 83 1
                                    


ခိုးကြောင်ခိုးဝှက်ပုံစံနဲ့ သိုင်းကွက်တွေနင်းကာကျောင်းအပြင်ကိုထွက်ဖို့ပြင်နေတဲ့ကောင်လေးတစ်ယောက်

ထိုကောင်လေးရဲ့နောက်မှာတော့ သူ့ကိုနောက်ယောင်ခံကာကျောင်းအပြင်ကိုလိုက်ထွက်ဖို့ပြင်နေတဲ့ကောင်လေးတစ်ယောက်ပါရှိနေ၏ ။

အရှေ့ကနေခိုးထွက်လာတဲ့ကောင်လေးမှာအုတ်နံရံကိုအခတ်အခဲမရှိခုန်တက်သွားနိုင်ပေမယ့် နောက်ကကောင်လေးကတော့တောက်တဲလေးအလား ကြိုးစားပန်းစားကိုတွယ်တက်နေရသည်။

" အားရှ်...အုတ်နံရံတွေကိုအမြင့်ကြီးဆောက်ရမယ်လို့ဘယ်ကောင်စတီထွင်ခဲ့တာလဲ! "

သူ့အရပ်ထက်ပိုမြင့်နေတဲ့အုတ်နံရံကိုခြေကုန်လက်ပန်းကျအောင်တွယ်တက်လာပြီးနောက်ရှိသမျှအားတွေဟာလဲကုန်လုမတက်

အရင်လိုကူညီပေးမဲ့ဂျွန်ဂျောင်ကုကလည်းသူခိုးလိုက်လာတာမသိတဲ့အပြင် အော်ခေါ်လိုက်ရင်လဲသူ့အကြံတွေသိသွားမှာဆိုးတာကြောင့်သူ့အားအင်တွေကိုဒီလိုအသုံးချလိုက်ရခြင်းသာ

သူ့လူဆိုးကောင်နောက်ကိုခိုးကြောင်ခိုးဝှက်နဲ့လိုက်ချောင်းရာကနေ လူဆိုးကောင်သွားသည့်နေရာမှာ ​လူခြေတိတ်တဲ့အိမ်ပြတ်ကြီးမှန်းသိလိုက်ရ၏

အရင်က ထိုအိမ်ကြီးရှေ့ရောက်ရင်တောင်
ဖနှောက်နဲ့တင်ပါးတစ်သားတည်းကျအောင်လစ်ပြေးတဲ့သူက လူဆိုးကောင်ရှိတယ်ဆိုတဲ့အသိလေးနဲ့တင် တုန့်ဆိုင်းခြင်းမရှိဘဲဝင်လာမိသည်။

ဂျွန်ဂျောင်ကုကထိုနေရာကိုဘာလာလုပ်သလဲဆိုတာအရမ်းတွေသိချင်နေတာမလို့အုံးနှောက်ကိုအလုပ်ပေးရင်းခြေလှမ်းတွေကစပ်စုချင်စိတ်အပြည့်

" ဆိုပါအုံးဘောင်ချာရှင်းချင်တယ်ဆိုတာလေး"

" ငါတို့ကိုခွေးဖြစ်အောင်လုပ်သွားတဲ့ကိစလေးမှတ်မိတယ်မလား ။ မြို့တော်ဝန်သားဆိုလဲစောက်ဂရုမစိုက်ဘူး အကြွေးရှိရင်​တော့ဆပ်ရမယ်လေ"

အကွယ်ကနေခိုးနားထောင်နေတာမလို့ဂျွန်ဂျောင်ကုရဲ့နောက်ကျောကိုသာတစ်စွန်းတစ်စမြင်နေရပြီး နောက်တစ်ကောင်ကိုတော့အသံဘဲကြားနေရသည်။

The story of first love ( Completed) Where stories live. Discover now